BEC-TERO TV

ကိုရီးယားမြို့လယ်ခေါင်မှာ ညစ်ညမ်းအက ကပြီး TikTok ပေါ်တင်လိုက်သောထိုင်းအမျိုးသမီး ဝေဖန်ခံရ

04 Sep 2020     1,654 Views


ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းနိုင်ငံရှိ Jamsai Aungkana အမည်ဖြင့် ဖေ့စ်ဘုခ်သုံးစွဲသူတစ်ဦးသည် ထိုင်းအမျိုးသမီးတစ်ဦးက ကိုရီးယားနိုင်ငံရှိ မြို့လယ်ခေါင်တစ်နေရာမှာ လူမြင် မသင့်တော်သော ညစ်ညမ်းကကွက်များဖြင့် TikTok မှာတင်ထားသော ဗီဒီယိုကလစ်လေးတစ်ခုကို တွေ့မြင်ပြီး “ထိုင်းလူမျိုး တစ်ဦး ကိုရီးယားမှာ အဲ့လိုကတာ သင့်တော်ရဲ့လား၊ လောကမှာ တစ်နေ့တစ်နေ့ နေလို့ခက်လာပြီ၊ သူမကို သတိလေးပေးကြပါဦး” လို့ဆိုပြီး ကပ်ရှင်နှင့်တကွရေးသားကာ သူမရဲ့ဖေ့စ်ဘုခ်မှာ ယူတင်ထားတာတွေ့ရှိရပါတယ်။

ထို့နောက် ဤသတင်းအွန်လိုင်းမှာပျံ့နှံ့သွားပြီးနောက် Like ပေးသူနှင့် ပြန်ရှဲထားသူများစွာရှိခဲ့ပါတယ်။ ဤသို့သောလုပ်ရပ်မျိုးသည် နိုင်ငံရပ်ခြားမှာ ထိုင်းအမျိုးသမီးများ၏ဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည့်အပြင် ထိုင်းလူမျိုးများ၏ပုံရိပ်ကို သူများအမြင်မှာ ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ဝေဖန်မှုများစွာ ပေးထားကြပါတယ်။

#popolay #popolaytv #news


04 Sep 2020     1,654 Views




RELATED

Most Popular of International News

Most Popular of NEWS