BEC-TERO TV

ဂျပန် တိုင်ဖုန်းမုန်တိုင်း အားပျော့သွားပေမယ့် စံချိန်တင်မိုးကြီးပြီး မြေပြိုတာတွေ ရှိနိုင်

07 Sep 2020     1,767 Views


ဂျပန်နိုင်ငံ တောင်ပိုင်းကို ပြင်းထန်စွာ တိုက်ခတ်နေတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့် ဒေသခံပြည်သူ ၁.၈ သန်းကို ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ ဂျပန်အစိုးရက တနင်္ဂနွေနေ့မှာ အမိန့်ထုတ်ထားပါတယ်။ လေပြင်းရော မိုးပါ တစ်ပါတည်း တိုက်ခတ်လာတဲ့ Haishen တိုင်ဖုန်းမုန်တိုင်းဟာ တနင်္ဂနွေနေ့က ဂျပန်တောင်ဘက် အောက်ပိုင်းက ကျွန်းတွေကို ဖြတ်သန်းရင်း တောင်ပိုင်း ကျူရှူးကျွန်းကို ချဉ်းကပ်လာချိန်မှာ တစ်စစ အားပျော့သွားပါတယ်။

ဒါပေမယ့်လည်း ဒီမုန်တိုင်းအရှိန်က စံချိန်တင်လောက်တဲ့ မိုးသည်းထန်မှုနဲ့ မြေပြိုတာတွေ ရှိလာနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း သတိပေးထားပါတယ်။ အဲဒီဒေသက ထောင်ချီတဲ့ နေအိမ်တွေ လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။ Haishen တိုင်ဖုန်းမုန်တိုင်းဟာ ဂျပန်ကျွန်းတွေကိုဖြတ်ပြီး ကိုရီးယားကျွန်းစွယ်ဘက် ဦးတည်သွားနိုင်ကြောင်း ဂျပန်မိုးဇလဌာနက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပါတ်က ဝင်ရောက်ခဲ့တဲ့ Maysak တိုင်ဖုန်းဒဏ်ကို ခုချိန်ထိ ခံနေရဆဲ ဖြစ်ပါတယ်။

Credit:

#Popolay #Popolaytv #International_News #Haishen


07 Sep 2020     1,767 Views




RELATED

Most Popular of International News

Most Popular of NEWS