BEC-TERO TV

သားဖြစ်သူ မှ အမေကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့

07 Sep 2020     1,736 Views


လွန်ခဲ့သောရက်ပိုင်းက ထိုင်းနိုင်ငံ၊ ရှချိန်းဆောင်းစီရင်စု၊ စနမ်ချိုင်းခိတ်မြို့၊ ထုံ့ဖရာ့ယာကျေးရွာရှိ နေအိမ်တစ်လုံးတွင် ပစ်ခတ်မှုဖြစ်ပွား၍ အသက် ၆၀ အရွယ်ရှိအမျိုးသမီးတစ်ဦးသေဆုံးကြောင်း သက်ဆိုင်ရာမြို့မရဲစခန်းသို့ အကြောင်းတိုင်ကြားထားပြီး အခင်းဖြစ်ပွားရာနေရာသို့ စုံစမ်းစစ်ဆေးရန် ရဲတပ်သားများရောက်ရှိသွားကြောင်း ဒေသခံသတင်းအရ သိရှိရပါတယ်။

ဖြစ်စဉ်မှာ သားဖြစ်သူနှင့်ဇနီးက လင်မယားချင်း စကားများပြီး ဇနီးသည်ကိုရိုက်နှက်ကာ ဇနီးက ယောက္ခမထံအကူအညီတောင်းရန် ဘေးမှာလာရပ်နေစဉ် လက်မှာသေနတ်ကိုင်ဆောင်ထားသောသားဖြစ်သူက ဇနီးသည်နောက်လိုက်ပြေးလာပြီး ရုတ်ယက်ခတ်နေတဲ့အချိန်မျာ မတော်တဆလက်လွဲချော်ပြီး သေနတ်နဲ့ မိခင်ဖြစ်သူကို ပစ်မိသွားတာ ဖြစ်ပါတယ်။ ဆေးရုံသို့အမြန်ပို့သော်လည်း အသက်မကယ်တင်နိုင်ခဲ့ဘဲ သေဆုံးသွားကြောင်း သိရှိရပါတယ်။

ယင်းဖြစ်ရပ်၌ သေနတ်ကို သပ်သပ်ခြိမ်းခြောက်ရန်အသုံးပြုတာဖြစ်ပြီး၊ မည်သူ့ကိုမျှပစ်ခတ်ရန် တမင်ပြုလုပ်ခြင်းမဟုတ်ကြောင်းသားဖြစ်သူ တရားခံက ဝန်ခံသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာတွင်ရှိသောသက်သေအထောက်အထားများနှင့် သက်သေများကို အသေးစိတ်စုံစမ်းစစ်ဆေးပြီး တရားခံအား ဥပဒေအရအရေးယူဆောင်ရွက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

#popolaytv #popolay #popolaynews


07 Sep 2020     1,736 Views




RELATED

Most Popular of International News

Most Popular of NEWS