BEC-TERO TV

မုံရွာမြို့ကားကြီးကွင်းအနီး ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

10 Sep 2020     1,708 Views


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ နတ်လူထိပ္ပန်ရပ်ကွက်က အဝေးပြေးကားကြီးကွင်းအနီးမှာ စက်တင်ဘာ (၉)ရက် ည(၈)နာရီ၀န်းကျင်က ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ ယာဉ်ဟာ မုံရွာနဲ့မကွေးမြို့ကိုပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တစ်စီးဖြစ်ပြီး ကားအင်ဂျင်ပိုင်းမှာ လျှပ်စစ်ဝါယာရှောခ့်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်။ "ကားအင်ဂျင်ပိုင်းမှာ ဝါယာရှော့ခ်ဖြစ်ပြီး လောင်တာပါ။

ကားကူရှင်တွေ အကုန်လောင်သွားတယ်။ လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး"လို့ မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော် ကပြောပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဲဒီခရီးသည်တင်ယာဉ်ကို မုံရွာခရိုင်နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်တွေ၊ အရန်မီးသတ် တပ်ဖွဲ့၀င်တွေနဲ့ ရပ်ကွက်နေပြည်သူတွေက မိနစ်(၂၀)၀န်းကျင်ကြာ ငြှိမ်းသတ်ခဲ့ကြရတာပါ။ ဒီမီးလောင်မှုကြောင့် ကားအတွင်း နဲ့တခြား ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ရပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်(၉)သိန်းကျော်လောက်ရှိ တယ်လို့ မုံရွာခရိုင် မီးသတ်ဦးစီးဌာနကသိရပါတယ်။

အောင်ကျော်ညွန့်/One

#popolay #popolaytv #မီးလောင်မှု #မုံရွာ


10 Sep 2020     1,708 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS