မြန်မာအမျိုးသားလေကြောင်း ပြည်တွင်းခရီးစဉ် ခေတ္တရပ်ဆိုင်း
11 Sep 2020 1,821 Views

မြန်မာနိုင်ငံအတွင်းမှာ Covid-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ မြန်မာအမျိုးသားလေကြောင်းရဲ့ ပြည်တွင်း လေယာဉ်ခရီးစဉ်တွေကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁၁) ရက်မှ (၃၀) ရက်အထိ ခေတ္တရပ်ဆိုင်း သွားမယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီကာလအတွင်းမှာ ဝယ်ယူထားသောလေယာဉ်လက်မှတ်တွေကို Full Refund နဲ့ Free Date Change ပြု လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
Agent မှ ဝယ်ယူထားတဲ့ခရီးသည်တွေအနေနဲ့ agent ကတစ်ဆင့် refund ပြန်လည်ထုတ်ယူနိုင်ပြီး website က ဝယ်ယူထားသူတွေကတော့ [email protected] ကို email ပေးပို့ ပြီး refund ပြန်လည်ရယူနိုင်တယ်လို့ မြန်မာအမျိုးသားလေကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခရီးစဉ်တွေကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁) ရက်မှာ ပြန်လည်ပျံသန်းပြေးဆွဲသွားမှာဖြစ်ပြီး ပြောင်းလဲမှုရှိ ရင်လည်း အချိန်နှင့်တပြေးညီ ကြေငြာပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။







