BEC-TERO TV

ခရီးသွားလာခွင့်တားမြစ်ထားတဲ့အတွက် ရန်ကုန်အထွက်မှာ ဒီနေ့စစစ်

11 Sep 2020     1,448 Views


ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ရန်ကုန်တိုင်းထဲမှာရှိတဲ့ ကျန်တဲ့မြို့နယ်ကပြည်သူတွေ ရန်ကုန်ပြင်ပကိုမသွားကြဖို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သူ့ရဲ့ Facebook အကောင့်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ စက်တင်ဘာလ(၁၁)ရက်နေ့ကစပြီး အောက်တိုဘာလ(၁)ရက်နေ့အထိ ကျန်းမာရေးကိစ္စနဲ့ အရေးကြီးကိစ္စကလွဲလို့ ခရီးမသွားဖို့ တားမြစ်ထားတာပါ။

ဒါကြောင့် ဒီနေ့မှာပဲ ရန်ကုန်အထွက်(၀)မိုင်မှာ ဖြတ်သန်းသွားလာနေတဲ့ကားတွေကို တားမြစ်စစ်ဆေးနေပါတယ်။ ခရီးသည်ပါတဲ့ကားတွေကိုတော့ ရန်ကုန်အပြင်ကိုလုံးဝမထွက်ခိုင်းဘဲ ခရီးသည်မပါတဲ့ကားတွေနဲ့ အကြောင်းပြချက်ခိုင်လုံတဲ့ အိမ်စီးကားတွေကိုပဲ ထွက်ခွင့်ပေးနေတယ်လို့ စစ်ဆေးရေးအဖွဲ့မှာပါဝင်သူတွေကပြောပါတယ်။

Photo : Aung Pyae ( O Media )


11 Sep 2020     1,448 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS