BEC-TERO TV

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်၌ နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်း

14 Sep 2020     1,729 Views


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် အောင်ဆွေ ဒဂုံလမ်းသွယ်၌ စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီခန့်က နေအိမ်ခုနစ်လုံး မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်တွင် အောင်ဆွေဒဂုံ လမ်းသွယ်နေ ဒေါ်ပိုသန်း၏ နေအိမ် မီးဖိုမီးကြွင်းမီးကျန် မှတစ်ဆင့် ထရံကာအား မီးကူးစက် လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဦး ဦးဆောင်၍ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၃၀၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၂၀ နှင့် မီးငြှိမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် သုံးစီး၊ အထောက်အကူပြုယာဉ် တစ်စီးနှင့် အတူ ရဲတပ်ဖွဲ့၊ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့နှင့် ရပ်ကွက်သူ/ ရပ်ကွက်သားများက ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၁၁ နာရီခွဲ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် စုစုပေါင်း လူနေအိမ်ခုနစ်လုံး မီးလောင်ကျွမ်း ခဲ့ပြီး အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၉ ဦး မီးဘေးသင့် ခဲ့ပြီး မီးဘေးသင့်သူများအား တာဝန် ရှိသူများက နီးစပ်ရာ ဆွေးမျိုးသားချင်း များအိမ်တွင် နေရာချထားပေးခဲ့ ကြောင်းသိရပြီး လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ နေအိမ် ပိုင်ရှင်ဒေါ်ပိုသန်းအား ထားဝယ်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


14 Sep 2020     1,729 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS