BEC-TERO TV

ရန်ကုန်-သန်လျင်တံတားပေါ်မှ ခုန်ချသွားသူ၏ ရုပ်အလောင်းအား ဆယ်ယူရရှိ

15 Sep 2020     1,575 Views


ရန်ကုန်တောင်ပိုင်းခရိုင်၊ ရန်ကုန်-သန်လျင်အမှတ်(၁)တံတားတိုင်အမှတ် ၄ နှင့် ၅ ကြားတွင် စက်တင်ဘာ ၁၃ ရက်နံနက် ၈ နာရီခွဲအချိန်ခန့်တွင် လူတစ်ဦး ပဲခူးမြစ်အတွင်း ခုန်ချမှုဖြစ်ပွားခဲ့သည်။ အဆိုပါ ခုန်ချသွားသူသည် ရေလည်တိုင်အမှတ်(၄)နှင့် (၅)ကြားတွင် သားရေဘေးလွယ်အိတ်တစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် အတူ ယာဉ်မောင်းလိုင်စင်တစ်ခုတို့တွေ့ရှိရပြီး စိစစ်ချက်အရ ခုန်ချသူမှာ သန်လျင်မြို့နယ် အောင်မင်္ဂလာရပ်ကွက်နေ ကိုအောင်ကျော်ထွန်း အသက်(၃၀)နှစ်ဆိုသူဖြစ်ကြောင်း သိရသည်၊၊

တံတားပေါ်မှ ခုန်ချသွားသူအား တောင်ပိုင်းခရိုင် မီးသတ်တပ်ဖွဲ့မှ ခရိုင်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၄ ရက်နေ့ နေ့လယ်အချိန်တွင် သန်လျင်မြို့နယ် ငပကျေးရွာ တန်တစ်ရာသစ်စက်အနီးမှ အလောင်းအား ရှာဖွေတွေ့ရှိခဲ့သဖြင့် သန်လျင် မြို့နယ် နာရေးကူညီမှုအသင်း မော်တော်ယာဉ်ဖြင့် သန်လျင်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား သန်လျင်မြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)


15 Sep 2020     1,575 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS