BEC-TERO TV

ရန်ကုန်ကို အားဖြည့်ကူညီဖို့ နေပြည်တော်နှင့် တိုင်းနဲ့ပြည်နယ်က ကုသရေးနှင့်ကျန်းမာရေးပညာရှင်တွေ ယနေ့ရောက်ရှိမည်

15 Sep 2020     1,630 Views


ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုမြင့်တက်နေတဲ့ ရန်ကုန်ကို အားဖြည့်ကူညီဖို့ နေပြည်တော်နဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက ကုသရေးနဲ့ ကျန်းမာရေးပညာရှင်တွေဟာ ဒီနေ့ စက်တင်ဘာ ၁၅ ရက်မှာ ရန်ကုန်ကို ရောက်ရှိလာမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေး ကွင်းဆင်းအဖွဲ့ (၃) ဖွဲ့ဟာ ရန်ကုန်တိုင်းအတွင်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းတွေနဲ့ အသွားအလာကန့်သတ်ခြင်း လုပ်ငန်းတွေမှာ အားဖြည့်ပံ့ပိုးဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအဖွဲ့တွေကို ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သန္တာလွင်နဲ့ ညွန်ကြားရေးမှူး ဒေါက်တာစည်သူအောင်တို့ ဦးဆောင်မှာ ဖြစ်ပါတယ်။

ရန်ကုန်မှာ ကိုဗစ်ကုသရေးဆေးရုံတွေအပြင် ထပ်မံတိုးချဲ့ပြင်ဆင်ထားတဲ့ ကိုဗစ်ကုသရေးဌာန ၃ ခုရှိပြီဖြစ်ပြီး လှိုင်၊ သုဝဏ္ဍနဲ့ ဒဂုံဆိပ်ကမ်းက ယာယီကုသရေးဆေးရုံတွေ ဖြစ်ပါတယ်။ မြန်မာမှာ ကိုဗစ်အတည်ပြုလူနာဟာ စက်တင်ဘာ ၁၅ ရက်မနက်ပိုင်းထိ ၃၂၉၉ ဦးရှိပြီဖြစ်ပြီး သေဆုံးသူက ၃၂ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဓာတ်ပုံ-MPA

Credit:BBC

#News #Popolay


15 Sep 2020     1,630 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS