BEC-TERO TV

ပုသိမ်မြို့တွင် ထပ်မံတွေ့ရှိရသည့် COVID-19 Positive လူနာမှာ Contact လိုက်ရန်ပင် ခက်ခဲနေကြောင်း သိရ

16 Sep 2020     1,762 Views


ပုသိမ်မြို့တွင် စက်တင်ဘာ ၁၄ ရက်က COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ရသည့် လူနာမှာ Contact လိုက်ရန်ပင် ခက်ခဲနေပြီး ၎င်းနှင့်ထိတွေ့မှု ရှိခဲ့သည်ဟု ဆိုသူများအား Facility Quarantine ထားရှိထားကြောင်း သတင်းရရှိသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း Positive လူနာမှာ ၃၀ ထိရှိသွားပြီဖြစ်ပြီး ပုသိမ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ၁၄ ဦးထိ ထားရှိကာ ကုသပေးနေရလျက်ရှိကြောင်း၊ စက်တင်ဘာ ၁၄ ရက်တွင် Positive ထပ်မံတွေ့ရှိရသည့် လူနာမှာ သုံးဘီးဆိုင်ကယ် (အိုးဝေ) မောင်းနှင်သူ တစ်ဦးဖြစ်ပြီး ၎င်းမှာ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ ပုသိမ်မြို့တွင်း Mask များ လိုက်လံလှူဒါန်းဝေငှခြင်းကို ပြုလုပ်ခဲ့သေးပြီး လက်ဖက်ရည်ဆိုင်လည်း နေ့စဉ်ထိုင်သူဖြစ်သောကြောင့် Contact များလိုက်ရန်မှာ ခက်ခဲနေကြောင်း သတင်းရရှိသည်။

မင်းသူဝင်းထွဋ်(Eleven)


16 Sep 2020     1,762 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS