ဧရာဝတီတိုင်းဒေသကြီးတွင် ညမထွက်ရအမိန့် ချိုးဖောက်သူ ၆၁၅ ဦးကို အရေးယူ
17 Sep 2020 1,641 Views

ဧရာဝတီတိုင်းဒေသကြီးတွင် ညမထွက်ရအမိန့်ကို ဧပြီလ ၂၁ ရက်နေ့က စတင် ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်နေ့အထိ ညမထွက်ရအမိန့် ချိုးဖောက်သူ ၆၁၅ ဦးအထိ ဖမ်းဆီအရေးယူခဲ့ကြောင်း သိရှိရပါသည်။ ညမထွက်ရအမိန့် ချိုးဖောက်မှုကြောင့် အရေးယူမှုသည် ပုသိမ်ခရိုင်က ၂၉၁ ဦး၊ ဟင်္သာတခရိုင်က ၈၈ ဦး၊ မအူပင်ခရိုင်က ၇၀ ဦး၊ ဖျာပုံခရိုင်က ၅၆ ဦး၊ မြောင်းမြခရိုင်က ၆၇ ဦး၊ လပွတ္တာခရိုင်က ၄၃ ဦး တို့ရှိခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရပါသည်။
ညမထွက်ရအမိန့် ချိုးဖောက်လို့ လမ်းများတွင် တွေ့ရှိဖမ်းဆီးမိသူများကို ရာဇသက်ကြီးပုဒ်မ ၁၈၈ ဖြင့် သက်ဆိုင်ရာ တရားရုံးများက ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေ ထံမှ သိရှိရပါသည်။
mrtv







