BEC-TERO TV

ပြင်သစ်မှာ ရေကြီးပြီး လူ ၁၇ ဦးသေဆုံး

07 Oct 2015     1,333 Views


ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ စနေနေ့ညနေပိုင်းက မုန်တိုင်းပြင်းထန်စွာ တိုက်ခတ်ခဲ့ပြီး ရေကြီးရေလျှံဖြစ်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးနေကြောင်း ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေထဲက ၃ ဦးဟာ သက်ကြီးရွယ်အိုတွေ ဖြစ်ပြီး Antibes မြို့အနီးရှိ သူတို့ရဲ့ ဘိုးဘွားရိပ်သာကို ရေလွှမ်းခဲ့တဲ့အတွက် ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ တခြားသူတွေကတော့ ဥမင်လှိုင်ခေါင်းတွေထဲက ကားတွေထဲ ပိတ်မိနေသူတွေနဲ့ မြေအောက် ကားရပ်ရာ နေရာတွေမှာ ရေကြီး ရေလွှမ်းခဲ့တဲ့အတွက် သေဆုံးကြတာ ဖြစ်ပါတယ်။ မုန်တိုင်းသင့် မိုးသည်းထန် ရေကြီးခဲ့တဲ့ French Riviera ဒေသကို ပြင်သစ်သမ္မတ Francois Hollande က သဘာဝဘေးဒဏ်သင့် ဒေသအဖြစ် ကြေညာခဲ့ပါတယ်။ စနေနေ့က ရေကြီးခဲ့မှုကြောင့် Brague မြစ် ရေလျှံပြီး အနီးအနားရှိ မြို့တွေမှာ ရေလွှမ်းခဲ့တာ ဖြစ်ပါတယ်။ The Irrawaddy (Burmese Version)


07 Oct 2015     1,333 Views




RELATED

Most Popular of Special or Others

Most Popular of NEWS