BEC-TERO TV

ပြည် ဆေးရုံကြီးက သူနာပြုဆရာမတစ်ဦး ကနဦးစစ်ဆေးမှု ကိုဗစ်၁၉ ပိုးတွေ့ရှိ

18 Sep 2020     2,132 Views


ပြည်ကုတင် ၅၀၀ ဆေးရုံကြီး ရောဂါကူးစက်ဆောင် ရဲ့ သီးသန့်ကုသခန်းမှာ တာဝန်ကျတဲ့သူနာပြုတစ်ဦးက သီးသန့်ဆောင် တာဝန်ပြောင်းလဲချိန် ကိုဗစ်၁၉ ပိုးစစ်ဆေးရာ ပိုးတွေ့ခဲ့တာ ဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဦးကျော်ဇေယျက ပြောပါတယ်။

"သူက ICU မှာတာဝန်ယူရတာ ပေါ့စတစ်လူနာထားတဲ့ အခန်းမှာ တာဝန်ယူရတာ ယူပြီးတော့ ပြန်အထွက်မှာ ကနဦးစစ်ဆေးတာမှာ ပိုးတွေ့တယ်လို့သိရတယ်" လို့ ဦးကျော်ဇေယျက ပြောပါတယ်။ ၎င်းကို ပြည်ကုတင် ၅၀၀ ဆေးရုံကြီးမှာ ရှိတဲ့ ကိုဗစ် ၁၉ စစ်ဆေးတဲ့စက်မှာ ရှာဖွေတာဖြစ်ပြီး ရန်ကုန်(NHL)က တရားဝင်ထုတ်ပြန်ထားတာ မဟုတ်သေးဘူးလို့ ပြောပါတယ်။ ကနဦးဆေးစစ်ချက်အဖြေမှာ ပိုးတွေ့ရှိခဲ့တာကြောင့် သူနာပြုဆရာမနဲ့ ထိစပ်ခဲ့သူတွေကို အသွားအလာကန့်သတ်မှုတွေ ပြုလုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ဇေယျာမြင့်(မြေလတ်အသံ)


18 Sep 2020     2,132 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS