သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဇိနမာရ်အောင်စေတီတော်ကြီးဝင်းတွင် Quarantine Centre စတင်ဖွင့်လှစ်
21 Sep 2020 1,725 Views

ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သော(မိသားစု) Primary Contact များကို သီးခြားနေထိုင် စောင့်ကြပ်ကြည့်ရှုမှုများ ပြုလုပ်သွားနိုင်ရန်အတွက် သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်ကြီး ဝင်းအတွင်းရှိ Quarantine Centre တွင် စက်တင်ဘာ ၁၉ ရက်၌ လူဦးရေ (၄၀) စတင်ထားရှိခဲ့ပြီး နှာခေါင်းတို့ဖတ်/ အာခေါင်တို့ဖတ် စစ်ဆေးခြင်းများကို စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ Centre တွင် လူဦးရေ (၆၀)စာအတွက်သာ ယာယီစီစဉ်ထားပြီး Quarantine Centre ဝင်ရောက်နေသူများအား နံနက်၊ နေ့လယ်၊ ညအတွက် အစားအသောက်များ စီစဉ်ပေးထားကြောင်း သိရသည်။ အဆိုပါ Quarantine Centre သို့ မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းအသီးသီးမှ ကားများဖြင့် ကူညီပေးလျက်ရှိပြီး Centre သို့ လှူဒါန်းလိုပါက အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)







