BEC-TERO TV

ဧရာဝတီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်မှု များပြားလာသဖြင့် ဈေးနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ကန့်သတ်ချက်များ ထုတ်ပြန်

21 Sep 2020     1,461 Views


ဧရာဝတီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်မှု များပြားလာသဖြင့် တိုင်းဒေသကြီးအဆင့် COVID-I9 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ (၁၉) ရက်နေ့တွင် သတိပေးတားမြစ်မိန့်နှင့် ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ စက်တင်ဘာလ (၂၁) ရက် မှ အောက်တိုဘာလ (၁) ရက် အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများရောင်းချသည့် ဆိုင်များကို နေ့စဉ် နံနက် (၆)နာရီမှ မွန်းလွဲ (၂)နာရီအထိ ရောင်းချခွင့်ပြုထားပြီး၊ ကျန်ဆိုင်များ ပိတ်ထားရမည်ဖြစ်ကြောင်း၊ မြို့တွင်း ဈေးဆိုင်၊ အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စတိုးဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၊ ဌာနဆိုင်ရာ သက်သာ ဈေးဆိုင်ခန်းများ၊ ဘုရားဈေးဆိုင်ခန်းများလည်း နံနက်(၆)နာရီမှ မွန်းလွဲ (၂)နာရီအတွင်း ဖွင့်လှစ်ရောင်းချခွင့်ပြုကြောင်း၊ ပုဂ္ဂလိက ဆေးဝါးအရောင်းဆိုင်များကိုမူ နေ့စဉ်နံနက်(၆)နာရီမှ ည(၈)နာရီအထိ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း၊ သတ်မှတ်အချိန်များအတိုင်း ဖွင့်လှစ်ရောင်းချရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

MRTV


21 Sep 2020     1,461 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS