BEC-TERO TV

မကွေးတိုင်းတွင် ပိုးတွေ့လူနာ(၃၀)နီးပါး ရှိလာ

21 Sep 2020     1,760 Views


ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ဒီကနေ့ စက်တင်ဘာ (၂၁) ရက် မနက်ပိုင်းထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီးမှာ ပိုးတွေ့လူနာ (၄)ဦး ထပ်မံတွေ့ရှိ ရတယ်လို့ သိရပါတယ်။

အဲ့ဒီလူနာတွေဟာ မကွေးမြို့ ဆားစည် ရပ်ကွက်က (၂)ဦး၊ ကြာကန် ကျေးရွာက(၁)ဦး နဲ့ နတ်မောက်မြို့နယ်က (၁)ဦးဖြစ်တယ်လို့ မကွေးတိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနကလက်ထောက် ညွှန့်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း ကပြောပါတယ်။ လက်ရှိ အဲဒီ လူနာတွေကို ဆေးရုံတွေမှာကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ ဆောင်ရွက်နေ တယ်လို့သိရပါတယ်။

မကွေးတိုင်းဒေသကြီးမှာ ကိုဗစ် (၁၉) အတည်ပြုလူနာ စုစုပေါင်း(၂၈)ဦးရှိပြီး (၄)ဦးကတော့ ဆေးရုံကဆင်းသွားပြီ ဖြစ်ပါတယ်။

စိုးစိုးဦး(One)


21 Sep 2020     1,760 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS