BEC-TERO TV

ဧရာဝတီစင်တာအတွက် (၂၄)နာရီအတွင်း စေတနာ့ဝန်ထမ်း (၁၅၀၀)ကျော် လျှောက်ထား

24 Sep 2020     1,444 Views


ဧရာဝတီစင်တာအတွက် စေတနာ့ဝန်ထမ်းများကို အွန်လိုင်းမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ရာ (၂၄)နာရီအချိန်အတွင်း စိတ်ပါဝင်စားစွာ လျှောက်ထားသူ (၁၅၀၀)ကျော်အထိ လက်ခံရရှိခဲ့ပါသည်။

လက်ရှိအချိန်တွင် ဧရာဝတီစင်တာ (A) အဆင်ပြေစွာ လည်ပတ်နိုင်ရန်အတွက် စေတနာ့ဝန်ထမ်း (၁၅၀)ကျော်က နေ့မအား ညမနား ကြိုးပမ်းတာဝန် ထမ်းဆောင်လျက်ရှိကြပြီး ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည့် စင်တာ (B) နှင့် (C) တို့အတွက် စေတနာ့ဝန်ထမ်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် အလှည့်ကျတာဝန် လွှဲပြောင်းနိုင်ရန်အတွက် ပြင်ပမှ စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။

လျှောက်ထားကြသူများတွင် ဆရာဝန်များ၊ သူနာပြုများ၊ အင်ဂျင်နီယာ၊ နည်းပညာကျွမ်းကျင်သူ အစရှိသည့် လူငယ်လူလတ်ပိုင်းများ ပါဝင်ပြီး အွန်လိုင်းမှတစ်ဆင့် တစ်ဦးချင်း ဆွေးနွေး၍ စိစစ်ရွေးချယ်ဖိတ်ခေါ်ကာ စေတနာ့ဝန်ထမ်းဆင့်ပွား အသိပညာများ ပို့ချပေးသွားမည် ဖြစ်ပါသည်။ ဧရာဝတီစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် တက်ကြွစွာဖြင့် ပါဝင်လျှောက်ထားကြသူများ အားလုံးကို ဧရာဝတီဖောင်ဒေးရှင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

ဧရာဝတီဖောင်ဒေးရှင်း


24 Sep 2020     1,444 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS