BEC-TERO TV

မကွေးနည်းပညာတက္ကသိုလ်က တီထွင်ထားသည့် ယာဉ်ငယ်တစ်စီးအား မကွေးဆေးရုံကြီးသို့ လှူဒါန်း

24 Sep 2020     1,750 Views


မကွေးနည်းပညာတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေနဲ့ ဆရာမဆရာမတွေ ကိုယ်တိုင် တီထွင် ပြုလုပ်ထားတဲ့ ပစ္စည်းသယ်ယာဉ်ငယ်တစ်စီးကို စက်တင်ဘာ(၂၂)ရက်က မကွေးပြည်သူ့ဆေးရုံကြီးကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပစ္စည်းသယ်ယာဉ် ဟာ တန်ဖိုးအနေနဲ့ (၁၈)သိန်းဝန်းကျင် ကုန်ကျခဲ့ပြီး နောက်ဆုံးနှစ် ကျောင်းသားကျောင်သူတွေနဲ့ ဆရာဆရာမတွေ ပူးပေါင်းတီတွင်ခဲ့ကြတာလို့ သိရပါတယ်။

ဒီပစ္စည်းသယ်ယာဉ်ဟာ ကျန်းမာရေးဝန်းထမ်းတွေနေနဲ့ လူနာရှိရာအခန်းတွေကို ကိုယ်တိုင် သွားရောက်ဖို့မလိုပဲ အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။ ယာဉ်မှာ (CCTV) ပါဝင်သလို လူနာကို ပြောဆိုပေးနိုင်တဲ့ အသံစနစ် နဲ့ သွားရာ လမ်းတလျှောက်မှာလည်း ဆေးဖျန်းပေးနိုင်မှာ ဖြစ်တယ်တယ်လို့လည်း မကွေးနည်းပညာတက္ကသိုလ် ဒေါက်တာ မြန္ဒာလွင်က ပြောပါတယ်။

အခု လှူဒါန်းတဲ့ ပစ္စည်းသယ်ယာဉ်ငယ် ဟာ လူကိုယ်တိုင် ကိုင်တွယ်စရာမလိုပဲ အဝေးထိန်းစနစ်နစ်နဲ့ ထိန်းချုပ်ပို့ဆောင်နိုင်တာကြောင့် ကျန်းမာရေး ဝန်ထမ်းတွေ အတွက် အကျိုးရှိပြီး ယာဉ်ငယ်(၄)စီးလောက်ရှိမယ်ဆိုရင် မကွေးဆေးရုံကြီးအတွက် ပိုအဆင်ပြေမှာ ဖြစ်တယ်လို့ တယ်လို့ မကွေး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဌေးက ပြောပါတယ်။ ယာဉ်ငယ် လူဒါန်းလိုသူတွေအနေနဲ့ မကွေးနည်းပညာတက္ကသိုလ်နဲ့ ဆက်သွယ်လှူဒါန်းနိုင် ပြီး တက္ကသိုလ်ကနေ ပစ္စည်းတပ်ဆင်ထုတ်လုပ်မှုတွေကို ကူညီပေးသွားမယ် လို့သိရပါတယ် ။

သက်ခိုင်မိုး၊စိုးစိုးဦး(One)


24 Sep 2020     1,750 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS