BEC-TERO TV

အောင်မြင့်မိုရ်အိမ်ရာအားတိုင်းဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

25 Sep 2020     1,548 Views


COVID-19ပိုးတွေ့လူနာတွေကို ထားရှိမယ့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က အောင်မြင့်မိုရ်အိမ်ရာ ပြင်ဆင်နေမှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ တာဝန်ရှိသူတွေက စက်တင်ဘာ(၂၅)မနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။ ဒီအိမ်ရာကိုQuarantineစင်တာအဖြစ်အသုံးပြုဖို့ လိုအပ်တဲ့ကိစ္စတွေကို မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း(MLCA)အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

အဲ့ဒီ အိမ်ရာကို Quarantineစင်တာအဖြစ် အသုံးပြုမှာဖြစ်သလို Positiveလူနာတွေကိုလည်း Hospital Quarantineပုံစံနဲ့ ထားရှိမှာလည်းဖြစ်ပါတယ်။ အောင်မြင့်မိုရ်အိမ်ရာက အခန်း(၁၀၅၆)ခန်းကို တစ်ခန်းကို လူ(၃)ဦးနှုန်းနဲ့ လူအယောက်(၅၀၀၀)စာအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

One


25 Sep 2020     1,548 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS