ကျန်းမာရေး၀န်ထမ်းများ ခေတ္တတည်းခိုနေထိုင်နိုင်ရန် ဆေးတက္ကသိုလ်(မန္တလေး)တွင် COVID-19 Temporary Camp ဖွင့်လှစ်ပေးထား
28 Sep 2020 1,700 Views

မန္တလေးဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့တွင် တာ၀န်ထမ်းဆောင်နေကြရသည့် ကျန်းမာရေး၀န်ထမ်းများ၊ စေတနာ့၀န်ထမ်းများအနေဖြင့် မိမိတို့နေထိုင်ရာနေရာများသို့ ပြန်ရန် အခက်အခဲရှိပါက ဆေးတက္ကသိုလ်(မန္တလေး)၊ ဧရာ၀တီစာသင်ဆောင်တွင် ခေတ္တတည်းခိုနေထိုင်ရန် COVID-19 Temporary Camp ကို ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
အဆိုပါ ယာယီတည်းခိုဆောင်တွင် ခုတင်၊ မွေ့ရာ၊ စောင်၊ ခြင်ထောင်မှအစ အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို ထားရှိပေးထားသလို အဆာပြေ စားရန် အစားအသောက်မျိုးစုံကိုပါ စိတ်ကြိုက်စားသုံးနိုင်ရန် စီစဉ်ပေးထားပြီး အမှန်တကယ်နေထိုင်ရန် လိုအပ်သော ကျန်းမာရေး၀န်ထမ်း မည်သူမဆို အခမဲ့လာရောက်နေထိုင်နိုင်ကြောင်း သိရသည်။
လာရောက်တည်းခိုနေထိုင်သူများအနေဖြင့် COVID Camp စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရမည်ဖြစ်ပြီး လက်ရှိတွင် လူဦးရေ(၅၀)စာ လာရောက်နေထိုင်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
mrtv







