BEC-TERO TV

ပင်စင်ယူရန် (၃) နှစ်သာလိုတော့သည့်ပြည်သူ့ဝန်ထမ်း နှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်တင် သွင်းခွင့်ပြုမည်

30 Sep 2020     1,639 Views


ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိပြီး အောက်တိုဘာလ (၁) ရက်တွင် အသက် ၅၇ နှစ် နှင့်အထက်ရှိကာ ပင်စင်ယူရန် (၃) နှစ်သာ လိုတော့သည့် တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့ဝန်ထမ်း နှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အမြဲတမ်းအတွင်းဝန် ရာထူးမှ ဒုတိယညွှန်ကြားရေးမှူးအထိ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့် သို့မဟုတ် ပြည်တွင်းအရောင်းပြခန်းမှ ဝယ်ယူခွင့်ပြုမည်ဖြစ်ပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး နှင့် အောက်အဆင့် ဝန်ထမ်းများအနေဖြင့် ပြည်တွင်းက SKD စနစ်ဖြင့်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို ဝယ်ယူခွင့် ပြုမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Credit: #Popolay #Popolaytv #News


30 Sep 2020     1,639 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS