BEC-TERO TV

တောရိုင်းတိရစ္ဆာန်များအား ဆပ်ကပ်ပြပွဲများတွင် ကပြတင်ဆက်စေခြင်းကို ပိတ်ပင်သွားတော့မည့် ပြင်သစ်နိုင်ငံ

30 Sep 2020     1,944 Views


တောရိုင်းတိရစ္ဆာန်များအား ဆပ်ကပ်ပြပွဲများတွင် ကပြတင်ဆက်စေခြင်း၊ လင်းပိုင်နှင့် ငါးမန်း များကို ဖမ်းဆီးမွေးမြူခြင်းများကို ပြင်သစ်နိုင်ငံက တဖြည်းဖြည်းချင်း ပိတ်ပင်သွားမည်ဟု တာဝန်ရှိသူများက မနေ့က (၂၉) ရက်နေ့က ပြောကြားခဲ့ပါတယ်။ "တောရိုင်းတိရစ္ဆာန်များနဲ့ပတ်သက်တဲ့ ကျွန်မတို့ ရဲ့ ခံယူချက်ဟာပြောင်းလဲခဲ့ပါပြီ" ဟု သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဘာဘရာပွန်ပါလီက ပြောကြားခဲ့ပါတယ်။

တောရိုင်းတိရစ္ဆာန်အခွင့်အရေးဆိုင်ရာ အုပ်စုဖြစ်သည့် PETA မှလည်း "ယခုဆုံးဖြတ်ချက်ဟာတိရစ္ဆာန်အခွင့်အရေးအတွက် သမိုင်းဝင်အောင်ပွဲတစ်ရပ်ဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။ အစိုးရအနေဖြင့် နိုင်ငံသားများ၏ လိုလားချက်ဖြစ်သည့် တောရိုင်းတိရစ္ဆာန်စောင့်ရှောက် ရေးအတွက် အရေးတယူဆောင်ရွက်ခြင်းကို ကြိုဆိုကြောင်း အခြားတောရိုင်းတိရစ္ဆာန်အခွင့် အရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုကလည်း ပြောကြားခဲ့ပါသေးတယ်။

ပြင်သစ်နိုင်ငံတွင် လင်းပိုင်မွေးမြူရေးစခန်းများကို ထပ်မံတည်ဆောက်ခွင့်ပြုသွားမှာ မဟုတ်တော့ကြောင်း ဘာဘရာပွန်ပါလီက ပြောကြားပါတယ်။ လင်းပိုင်များနှင့် ငါးမန်းများအား စောင့်ရှောက်ရန် နေရာတစ်ခုကို တာဝန်ရှိသူများကစီစဉ်နေကြောင်းကိုလည်း ၎င်း၏ပြောကြားချက်အရ သိရှိခဲ့ရပါတယ်။

Credit

#Popolay #Popolaytv #News #International_News


30 Sep 2020     1,944 Views




RELATED

Most Popular of International News

Most Popular of NEWS