ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) နှင်းဆီပါတီ ၏ ဥက္ကဌဖြစ်သူအားဖမ်းဆီးထား
30 Sep 2020 1,883 Views

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) နှင်းဆီပါတီ ဥက္ကဌ ဦးကျော်မြင့်ကို ဖဖ်းဆီးထားတယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အတည်ပြုပါလိုက်ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၂၄) အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆက်လက်စိစစ်ဆဲ၊ ဖော်ထုတ်နေဆဲလို့လည်း ပြောပါတယ်။
ဦးကျော်မြင့်က မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ်ကျခံနေရစဉ် ၁၉၉၉ ခုနှစ်မှာ ထောင်ကနေ ထွက်ပြေး လွတ်မြောက်ခဲ့သူလည်း ဖြစ်တယ်လို့သိရှိရပါတယ်။ ဦးကျော်မြင့် ဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ (UDP) နှင်းဆီပါတီက ၂၀၁၀ မတိုင်ခင်မှာ နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ထားခဲ့ပြီး ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း ဝင်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယခု ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ပြိုင်မယ့် ပါတီဖြစ်တယ်လို့ သိရှိရပါတယ်။
Credit:
#Popolay #Popolaytv #News #UDP







