BEC-TERO TV

ကမ္ဘာ့စီးပွားရေး ပြန်ကောင်းလာစေရန် တရုတ်က ကူညီမည်ဟုပြောကြား

01 Oct 2020     1,489 Views


ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးနဲ့ ကမ္ဘာ့စီးပွားရေး ပြန်ကောင်းလာစေရေးအတွက် တရုတ်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ၇၆ ကြိမ်မြောက် အမျိုးသားနေ့အကြို ပီကင်းမှာကျင်းပတဲ့ နိုင်ငံတော်အဆင့် ဧည့်ခံပွဲတခုမှာ ဝန်ကြီးချုပ်က အဲဒီလိုပြောခဲ့တာပါ။

ပြည်သူ့ခန်းမမှာ ကျင်းပတဲ့ အဲဒီဧည့်ခံပွဲကို သမ္မတ Xi Jinping အပါဝင် ကွန်မြူနစ် ပါတီ ထိပ်တန်းအရာရှိတွေ၊ နိင်ငံတကာ သံတမန်တွေ တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ဟာ ဟောင်ကောင်၊ မက္ကာအိုတို့နဲ့ ပတ်သက်ပြီး ''တနိုင်ငံ စနစ် နှစ်မျိုး'' မူဝါဒကို ယုံကြည်ခိုင်မာစွာ ဆက်လက်ကျင့်သုံးသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါပေမယ့် ထိုင်ဝမ်လို လွတ်လပ်ရေးဆီ ဦးတည်ဆောင်ရွက်တဲ့ လှုပ်ရှားမှုမျိုးကို တော့ တားဆီးရမယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ရဲ့ အခုလိုပြောဆိုချက်တွေဟာ ကိုဗစ်နဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ဝေဖန်မှုတွေ၊ ဟောင်ကောင်မှာ ပြဌန်းလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေအပေါ် ဝေဖန်မှုတွေ၊ ထိုင်ဝမ်နဲ့ တင်းမာမှုတွေ တိုးလာနေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝူဟန်ပြည်နယ်မှာ မနှစ်က စတွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် စိတ်ဆိုးစွာ ဝေဖန်တိုက်ခိုက်ဖူးပါတယ်။ ဟောင်ကောင်မှာ ပြဌဏ်းလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကိုလည်း လွတ်လပ်ခွင့်ကို ကန်ံ့သတ်တဲ့ ဥပဒေအဖြစ် အနောက်နိုင်ငံတွေက ဝေဖန်နေတာဖြစ်ပါတယ်။ ။

Source: AP One


01 Oct 2020     1,489 Views




RELATED

Most Popular of International News

Most Popular of NEWS