BEC-TERO TV

ကိုဗစ်ကြောင့် တားဆီးနေသော်ငြား တောင်ကိုရီးယား၊ ဂျူ့ဒိုကမ်းခြေတွင် စည်ကားလျက်ရှိ

01 Oct 2020     1,635 Views


တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေက ရှိနေဆဲပါ။ ရာသီအရ ပွင့်လင်းနေပြီး ပွဲလမ်းသဘင်ကျင်းပရမယ့်အချိန်တွေနဲ့ တိုက်ဆိုင်နေတာကြောင့် စည်းကမ်းတင်းကြပ်ထားပေမဲ့လည်း လိုက်နာမှုအားနည်းနေကြတာကို တွေ့ရပါတယ်။ ခုကတော့ စက်တင်ဘာလ ၃၀ ရက်နေ့က တောင်ကိုရီးယားရဲ့ အရှေ့မြောက်ဘက်ကမ်းခြေဖြစ်တဲ့ ယန်ယန်ဒေသက ဂျူ့ဒိုကမ်းခြေမှာ ရေလွှာလျောစီးသူများနဲ့ စည်ကားနေပုံ ဖြစ်ပါတယ်။

ကိုရီးယားရဲ့ အစည်ကားဆုံးပွဲတော် ၂ ခုအနက် တစ်ခုဖြစ်တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့ကလည်း ရှိနေသေးတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ လက်ရှိမှာ ကိုဗစ်ကူးစက်မှုတွေက ရပ်တန့်မသွားသေးဘဲ ဆက်လက်ပျံ့နှံ့နေသေးတာကြောင့် stay home နေထိုင်ကြဖို့ကို တိုက်တွန်းထားပါတယ်။ လက်ရှိတောင်ကိုရီးယားမှာ ကူးစက်မှုပေါင်းက ၂၃၈၁၂ ခုရှိပြီး သေဆုံးမှုပေါင်းက ၄၁၃ ခုရှိသွားပြီလည်း ဖြစ်ပါတယ်။

Source – AFP MRTV


01 Oct 2020     1,635 Views




RELATED

Most Popular of International News

Most Popular of NEWS