BEC-TERO TV

အကြိမ်(၂၀)မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ဟင်္သာတမြို့မှ ကျပ်သိန်းတစ်‌သောင်းငါးထောင်ဆု ဆွတ်ခူး

01 Oct 2020     1,641 Views


၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ထွက်ရှိသည့် အကြိမ်(၂၀)မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ဟင်္သာတမြို့ နတ်မော်လမ်း၊ ကမ္ဘောဇဘဏ်ခွဲ(၁)အရှေ့တွင် ဖွင့်လှစ်ရောင်းချသည့်၊ မင်္ဂလာစွယ်တော်ထီဆိုင်တွင် ထီထိုးသွားခဲ့သည့် ဦးခင်မောင်ညွှန့်က လ ၉၁၄၂၃၇ ပေါက်ဂဏန်းဖြင့် ကျပ်သိန်းတစ်သောင်းငါး‌ထောင်ဆုကြီးကို ဆွတ်ခူးရရှိကြောင်း သိရသည်။ “(၂)စောင်ထဲ ရွေးထိုးသွားတာပါ၊ အစောပိုင်းက သူပေးခဲ့တဲ့ဖုန်းနံပါတ်က အဆက်အသွယ်မရဖြစ်နေတာပါ၊ ခုတော့ကျွန်တော်တို့ ဖုန်းအဆက်အသွယ်ရပါပြီ၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်ထဲက ကျေးရွာတစ်ရွာတွင် နေထိုင်သူဖြစ်ကြောင်း” မင်္ဂလာစွယ်တော်ထီ ဆိုင်ပိုင်ရှင် ဦးသိန်းအောင်ထံက သိရသည်။

အဆိုပါ မင်္ဂလာစွယ်တော်ထီဆိုင်မှ (၆)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ကျပ်သိန်းတစ်‌‌သောင်းငါးထောင်ဆုကို (ပထမ)အကြိမ်၊ အကြိမ်(၂၀)မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် (ဒုတိယ)အကြိမ် စုစုပေါင်း(၂)ကြိမ် ကျပ်သိန်းတစ်‌‌သောင်းငါးထောင် ဆွတ်ခူးရရှိခြင်း ဖြစ်ကြောင်း သိရပြီး အောင်‌ဘာလေ သိန်းဆုဌာနက အမြင့်ဆုံး ထီဆုကြေးကို ကျပ်သိန်း တစ်သောင်းခွဲအဖြစ် တိုးမြှင့်သတ်မှတ်ပြီး နောက်ပိုင်း အကြိမ် (၂၀)အတွင်းတွင် ဟင်္သာတမြို့နယ်မှ ကျပ်သိန်းတစ်သောင်းခွဲဆုကြီးကို (၃)ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့ကြေင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)


01 Oct 2020     1,641 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS