BEC-TERO TV

စတိုးဆိုင်တစ်ဆိုင်တွင် နှာခေါင်းစည်းတပ်ဆင်ရန်သတိပေးရာမှ သေနတ်နှင့်ခြိမ်းခြောက်ခံရမှု ဖြစ်ပွား

01 Oct 2020     1,792 Views


လွန်ခဲ့သောရက်ပိုင်းက ထိုင်းနိုင်ငံ၊ နန့်စီရင်စုရှိ စတိုးဆိုင်တစ်ဆိုင်တွင် စျေးလာဝယ်သော အသက် ၄၅ အရွယ်ရှိ အမျိုးသားတစ်ဦးဟာ ဆိုင်အရောင်းဝန်ထမ်းက နှာခေါင်းစည်းတပ်ဆင်ရန် သတိပေးရာကနေ မကျေနပ်၍ သေနတ်ဖြင့်ခြိမ်းခြောက်သွားခဲ့ပါတယ်။ ဆိုင်ထဲကလူအားလုံးက ထိတ်လန့်သွားကြပြီး တချို့ကထွက်ပြေးတိမ်းရှောင်နေလိုက်ရပါတယ်။ ထို့နောက် ထိုလူဟာ ဆိုင်အပြင်ဘက်သို့ထွက်သွားပြီး ဆိုင်ကိုပစ်ခတ်ရန် သေနတ်နှင့်ချိန်ကာ ထွက်ပြေးသွားခဲ့ပါ တယ်။

ဤအဖြစ်အပျက်အားလုံးကို ဆိုင်လုံခြုံရေးကင်မရာကနေ အမိအရမှတ်တမ်းတင်ထားပြီး ထိုသူကို အရေးယူဆောင်ရွက်ရန် ရဲများကလိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။ ထို့အပြင် ထိုသူဟာ ခိုင်လုံသောအကြောင်းရင်းမရှိလက်နက်ကိုင်ဆောင်မှုနှင့် အကယ်၍ ကိုင်ဆောင်သောသေနက်က တရားဝင်ခွင့်ပြုချက်လက်မှတ်မရှိလျှင် ထပ်မံအမှုစွဲခံရမည်ဟုလည်း သတင်းအရ သိရှိရပါတယ်။

#popolay #popolaytv #popolaynew


01 Oct 2020     1,792 Views




RELATED

Most Popular of International News

Most Popular of NEWS