BEC-TERO TV

ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာဆို

02 Oct 2020     1,559 Views


ရွေးကောက်ပွဲပြီးကတည်းက အစိုးရဖွဲ့နိုင်ရေးညှိနှိုင်းနေရတဲ့ ဘယ်လ်ဂျီယံမှာ အခု ရက်ပေါင်း ၅၀၀ အကြာမှာတော့ အစိုးရသစ်တရပ် တကယ်ဖွဲ့နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဝန်ကြီးချုပ်အသစ် Alexander De Croo နဲ့ သူ့အစိုးရအဖွဲ့ဟာ ဘရာဆဲမြို့ရှိနန်းတော်အတွင်း ဘယ်လ်ဂျီယံ ဘုရင်ရှေ့မှောက်မှာ ကြာသပတေးနေ့မှာ ကျမ်းသစ္စာဆိုခဲ့ပါတယ်။

ဒီအခမ်းအနားဟာ ပါတီ ၇ ခု စုပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူညီချက်ရပြီး တရက်အကြာမှာ ဖြစ်ပေါ်လာတာပါ။ အဲဒီသဘောတူညီချက်အရ ဝန်ကြီးချုပ်သစ် De Croo ရဲ့ ဦးဆောင်မှုအောက်မှာ ကိုဗစ်ရောဂါတိုက်ဖျက်ရေးနဲ့ ကျဆင်းနေတဲ့ စီးပွားရေးကို ပြန်လည် ထူထောင်ရေးလုပ်သွားမှာဖြစ်ပါတယ်။

Source: AP One


02 Oct 2020     1,559 Views




RELATED

Most Popular of International News

Most Popular of NEWS