BEC-TERO TV

ကိုဗစ်-၁၉ ရောဂါကြောင့် ဒစ္စနေးလ်ကုမ္ပဏီက ဝန်ထမ်း ၂၈၀၀၀ ခန့် လျှော့ချမည်

02 Oct 2020     1,519 Views


အမေရိကန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ မှုကြောင့် အမေရိကန်ကုမ္ပဏီ ဒစ္စနေးလ်ပိုင် အပန်းဖြေ စခန်းများနှင့် ကစားကွင်းများတွင် စီးပွားရေးထိခိုက်နစ်နာ မှုများရှိသည့်အတွက် ဒစ္စနေးလ်ကုမ္ပဏီက ၎င်း၏ ဝန်ထမ်းအင်အားကို လျှော့ချရန် စီစဉ်လျက်ရှိကြောင်း ယနေ့သတင်းများအရ သိရသည်။

ဒစ္စနေးလ်ပိုင် အပန်းဖြေစခန်းများနှင့် ကစားကွင်း များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းအင်အား တစ်သိန်းကျော်ရှိသည့်အနက် ၂၈၀၀၀ ဦးအား အလုပ်မှ ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။ အလုပ်ထုတ်ပယ်ခြင်းခံရသည့် ဝန်ထမ်းများအနက် ၆၇ ရာခိုင်နှုန်းသည် အချိန်ပိုင်းဝန်ထမ်းများဖြစ်သည် ဟု ဒစ္စနေးလ်အပန်းဖြေစခန်း ဥက္ကဋ္ဌ ဂျို့စ်ဒီအာမာရိုက ဆိုသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် ယခုနှစ် ဆောင်းဦးရာသီအတွင်း ဒစ္စနေးလ်အပန်းဖြေစခန်းများကို ဆက်လက်ပိတ်သိမ်းထားမည်ဖြစ်သည်။ အပန်းဖြေစခန်း များနှင့် ကစားကွင်းများ ပိတ်ပင်ထားခြင်းကြောင့် ကုမ္ပဏီ ၏ ဝင်ငွေထိခိုက်နစ်နာခဲ့ပြီး ယခုနှစ် ပထမသုံးလတာ ကာလအတွင်း ကုမ္ပဏီ၏ဝင်ငွေဆုံးရှုံးမှုသည် ၉၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ဝန်ထမ်းအင်အားသည် ကုမ္ပဏီ၏ ပင်မကျောရိုး ဖြစ်သောကြောင့် အလုပ်မှ ထုတ်ပယ်ခြင်းခံရသော ဝန်ထမ်း များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒစ္စနေးလ်အပန်းဖြေစခန်း ဥက္ကဋ္ဌ ဂျို့စ်ဒီအာမာရိုက ဆိုသည်။ ၂၀၁၉ ခုနှစ်အတွင်း ဒစ္စနေးလ်အပန်းဖြေစခန်းများနှင့် ကစားကွင်းလုပ်ငန်းမှ ဝင်ငွေရရှိမှုသည် ကန်ဒေါ်လာ ၂၆ ဘီလီယံကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်/The Mirror


02 Oct 2020     1,519 Views




RELATED

Most Popular of International News

Most Popular of NEWS