BEC-TERO TV

တောင်အာဖရိကနိုင်ငံက နိုင်ငံတကာလေယာဉ်များကို ပြန်လက်ခံ

02 Oct 2020     1,826 Views


ကိုရိုနာဗိုင်းရပ်ကြောင့် ၆ လကြာပိတ်ထားတဲ့ တောင်အာဖရိက လေယာဉ်ကွင်းတွေဆီ နိုင်ငံတကာလေယာဉ်ဆင်းခွင့်ကို ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်နေ့) မှာ ပြန်လည်ဖွင့်ပေးလိုက်ပါတယ်။ ဂျာမဏီကနေ ပျံသန်းလာတဲ့ Lufthansa လေယာဉ်ဟာ Johannesburg မြိုတော် လေယာဉ်ကွင်း O.R. Tambo ဆီ ကြာသပတေးနေ့ မနက်မှာ ပထမ ဆုံးရောက်လာတဲ့ လေယာဉ်ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ကင်ညာ၊ ဇန်ဘီယာနဲ့ ဇင်ဘာဘွေက လေယာဉ်တွေ ဆက်တိုက်ရောက်လာကြပါတယ်။ အလားတူ Cape Town နဲ့ Durban ရှိ နိုင်ငံတကာလေယာဉ်ကွင်းတွေကိုလည်း ဒီနေ့ ပြန်ဖွင့်ပေးခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံဆီ ရောက်လာတဲ့ ခရီးသည်တိုင်းဟာ သက်ဆိုင်ရာ လေယာဉ်ပေါ်မတက်မီ ၇၂ နာရီ ကြိုတင်ယူထားတဲ့ ကိုဗစ်-၁၉ စစ်ဆေးထားတဲ့ ဆေးစာ ကို ပြရမှာဖြစ်ပါတယ်။ တောင်အာဖရိက လေကြောင်းလိုင်းတွေကိုပြန်ဖွင့်ပေးလိုက်ပေမယ့် နိုင်ငံတကာခရီးသည်တွေအပေါ် စည်းကမ်းတွေတော့ တင်းကျပ်ထားဆဲဖြစ်ပါတယ်။

ကိုဗစ် ဆိုးရွားစွာဖြစ်နေတဲ့ နိုင်ငံ ၅၀ ခန့်ဟာ အခု ဖွင့်ပေးတဲ့ စာရင်းထဲမပါသေးပါဘူး။ အဲလို မပါတဲ့ နိုင်ငံ ၅၀ ထဲမှာ အမေရိကန်၊ ရုရှား၊ ဗြိတိန်တို့ပါဝင် ပါတယ်။ ဒီစာရင်းကို ၂ ပတ်တခါ စစ်ဆေးပြီး အာ့ဒိတ်လုပ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် တောင်အာဖရိကဆီ ရောက်လာတဲ့ ခရီးသည်တိုင်းဟာ ကိုဗစ် စစ်ဆေးထားတဲ့ လက်မှတ် ပြရမှာဖြစ်တဲ့အပြင် ကိုဗစ်ရောဂါ ဆေးအာမခံ၊ ကွာရေတင်း နေထိုင်မယ့်စရိတ်တွေကို လည်းပြသရမှာဖြစ်ပါတယ်။

ခရီးသည် အနည်းအကျဉ်းနဲ့ပြန်လည်အသက်ဝင်လာတဲ့ လေယာဉ်ကွင်းတွေကို လာရောက် စစ်ဆေးတဲ့ ခရီးသွားကြီး Mmamoloko Kubayi-Ngubane ကတော့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး လေယဉ်ကွင်းဖက်ကရော၊ ခရီးသည်တွေဖက်ကပါ ဆောင်ရွက်ထားမှုအပေါ် အားရကျေနပ်တယ်လို့ ပြောပါတယ်။ တောင်အာဖရိကဟာ ကြာသပတေးနေ့မှာ လေယာဉ်ကွင်းတွေဖွင့်ပေးလိုက်သလို နယ်စပ်ဂိတ်တွေရှိတဲ့ ဘွန်စဝါနာ၊ အီစဝါတီနီ၊ လက်စိုသို၊ မူဇန်ဗစ်၊ နန်မီးဘီးယားနဲ့ ဇင်ဘာတွေ နယ်စပ်တွေကိုလည်း ပြန်ဖွင့်ပေးလိုက်ပါတယ်။

အာဖရိကတိုက် ကူးစက်ရောရ ထိမ်းချုပ်ရေးနဲ့တိုက်ဖျက်ရေးဌာနရဲ့ စာရင်းတွေအရ အာဖရိကမှာ ကိုရိုနာဗိုင်းရပ်ကူးစက်မှု ကျဆင်းနေပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ၇.၆ % ကျဆင်းလာတယ်လို့ သိရပါတယ်။ တောင်အာဖရိကမှာ ပိုးတွေ့လူနာ ၆၇၄.၃၃၉ ဦးရှိပြီး သေဆုံးသူက ၁၆.၇၃၄ ဦး ရှိတယ်လို့သိရပါတယ်။

Source: AP One


02 Oct 2020     1,826 Views




RELATED

Most Popular of International News

Most Popular of NEWS