BEC-TERO TV

မုံရွာ ဆုတောင်းပြည့်ဘုရားကြီးတွင် သီတင်းကျွတ်ဘုရားပွဲတော်ကျင်းပမည်မဟုတ်

07 Oct 2020     2,154 Views


မုံရွာမြို့ရဲ့အစည်ကားဆုံး ဘုရားပွဲတော်ဖြစ်တဲ့ ဆုတောင်းပြည့်ဘုရားကြီး သီတင်းကျွတ်ပွဲတော်နဲ့ ပွဲဈေးကို အခုနှစ်မှာ မကျင်းပဖြစ်တော့ဘူးလို့ ဆုတောင်းပြည့်ဘုရားကြီးဂေါပကအဖွဲ့၀င် ဦးအောင်သိန်း ကပြောပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တာဝန်ရှိသူတွေရဲ့ညွန်ကြားချက်အရ ဘုရားပွဲတော်ကို မကျင်းပတာဖြစ်တယ်လို့ဆိုပါတယ်။

ဆုတောင်းပြည့်ဘုရာကြီး သီတင်းကျွတ်ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်(၅)ရက်ကနေ လပြည့် ကျော်(၁၅)ရက်(လကွယ်နေ့)အထိ ကျင်းပတာပါ။ "အာဏာပိုင်အဖွဲ့နဲ့ ကျန်းမာရေးဌာနတာ၀န်ရှိသူတွေက ပွဲတော်မပြုလုပ်သင့်ကြောင်းညွှန်ကြားလာသလို ဩဝါဒဆရာတော်ကြီးတွေကလည်း ရောဂါပြန့်ပွားမှုမရှိအောင် ထိန်းသိမ်းကာကွယ်ဖို့ မိန့်ကြားလာတဲ့အတွက် သီတင်းကျွတ်ဘုရားပွဲတော်ကြီးကိုမကျင်းပဖြစ်တာပါ” လို့ ဂေါပကအဖွဲ့၀င် ဦးအောင်သိန်းကပြောပါတယ်။

နှစ်စဉ်ကျင်းပခဲ့တဲ့ မုံရွာ ဆုတောင်းပြည့်ဘုရားကြီး သီတင်းကျွတ်ပွဲတော်မှာ မြန်မာ့ရိုးရာ အစားအစာအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်အမျိုးမျိုးနဲ့ မီးဖိုချောင်သုံး ပစ္စည်းအမျိုးမျိုး စတဲ့ ဈေးဆိုင်ခန်းပေါင်း(၆၀၀)၀န်းကျင်ခန့်ခင်းကျင်း ရောင်းချလေ့ရှိပြီး ဒေသခံတွေ၊ အခြားမြို့ကလာရောက်လည်ပတ်သူတွေနဲ့ စည်ကားတဲ့ ပွဲတော်ကြီးလည်း ဖြစ်ပါတယ်။

သတင်း-အောင်ကျော်ညွန့်/One


07 Oct 2020     2,154 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS