BEC-TERO TV

ပဲရစ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများအပြားဟာ ဆင်းရဲသူတွေဖြစ်ကြောင်း ထုတ်ပြန်

07 Oct 2020     1,554 Views


ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ပတ်ဝန်းကျင်ရှိ ဆင်းရဲလွန်းတဲ့ နေရာတွေက ပြည်သူတစ်ဝက်ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း၊ အထူးသဖြင့် အဲဒီနေရာတွေမှာ နိုင်ငံရွှေ့ပြောင်းသူတွေ နေထိုင်ကြကြောင်း အင်္ဂါနေ့ မှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပဲရစ်မှာ ပိုးတွေ့ရှိသူ ၃,၅၀၀ နီးပါး နေ့စဉ်တွေ့ရှိနေရာ တနင်္လာနေ့ကတော့ ၆,၀၀၀ နီးပါး အထိ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ်နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အစုလိုက်အပြုံလိုက် တွေ့ရှိတဲ့ နေရာ ၇၅ နေရာအနက် ၂၆ နေရာဟာ ပဲရစ်မှာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး စခန်းတွေနဲ့ အစားအစာဝေငှပေးတဲ့ နေရာတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၅ ရာခိုင်နှုန်း ရှိကြောင်း MSF ရဲ့ ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လဆန်းပိုင်း လေ့လာချက်အရ သိရပါတယ်။

ယာယီစခန်းတွေမှာ ကျပ်သိပ်စွာနေထိုင်ရခြင်းက အစုလိုက်အပြုံလိုက် ရောဂါပိုးကူးစက်မှုကို ဦးတည်နေကြောင်း ဖော်ပြထားပါတယ်။ ရွှေ့ပြောင်းလာသူတွေကို ထားရှိတဲ့ အိမ်ယာနှစ်ခုရဲ့ စီမံရေးရာဌာနက ဝန်ထမ်း ၈၉ ရာခိုင်နှုန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။ ပဲရစ်နဲ့ အနီးပတ်ဝန်းကျင်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုများနေတဲ့အတွက် ဘားတွေကို သီတင်းနှစ်ပတ် အနည်းဆုံးပိတ်ထားဖို့ အမိန့်ပေးထားပါတယ်။

MDN ကိုးကား- AFP


07 Oct 2020     1,554 Views




RELATED

Most Popular of International News

Most Popular of NEWS