သမ္မတထရမ့်ပ်၏ အကြီးတန်းအကြံပေး ကိုဗစ်ကူးစက်ခံရ
07 Oct 2020 1,883 Views

ထရမ့်ပ်ရဲ့ အကြီးတန်းအကြံပေးဖြစ်သူ စတက်ဖန် မေလာဟာ ကိုဗစ်ကူးစက် ခံလိုက်ရပါတယ်။ ဒေါ်နယ်လ်ထရမ့်နဲ့ ဇနီးမှာ ကိုဗစ်ကူးစက်ခံရပြီးနောက် Rose Garden တွေ့ဆုံမှုကနေ ထပ်မံကူးစက်ခံရသူတွေထဲမှာ အိမ်ဖြူတော် တာဝန်ရှိသူတွေ အတော်များခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူကအစ ကူးစက်ခံခဲ့ရတာပါ။ အကြီးတန်းအကြံပေးက ခုရွေးကောက်ပွဲအတွက် အရေးကြီးတဲ့သူ အထောက်အပံ့ပေးနိုင်သူလည်း ဖြစ်ပါတယ်။
သမ္မတကတော့ စစ်ဆေးရုံမှာ ၄ ရက်နေပြီး စတီးရွိုက်ဆေး တစ်မျိုးဖြစ်တဲ့ ဒက်ဆာမက်သဇုန်းနဲ့ ကုသမှုခံယူခဲ့ပြီး အိမ်ဖြူတော်ကို ပြန်ရောက်နေပါပြီ။ အောက်တိုဘာ ၁၅ ရက်ဘိုင်ဒန်နဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲအမီ ထရမ့်ပ်တစ်ယောက် negativeဖြစ်မဖြစ်ကိုလည်း စောင့်ကြည့်ရပါဦးမယ်။ အိမ်ဖြူတော် ကူးစက်မှုတွေကြောင့် ပန်တာဂွန်ထိပ်တန်းခေါင်းဆောင်ဟာလည်း Quarantine ဝင်နေရပါတယ်။
Source – AFP






