BEC-TERO TV

မန္တလေးမြို့ရှိ COVID-19 ကုသရေးဆေးရုံများနှင့် Quarantine Center များမှ နေ့စဉ်ထွက်ရှိသော စွန့်ပစ်အမှိုက်များအား Biohazard သီးသန့်ယာဉ်ဖြင့် စနစ်တကျလိုက်လံ သိမ်းဆည်းပေးနေ

08 Oct 2020     1,762 Views


မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် (၆)မြို့နယ်အတွင်းရှိ COVID-19 ကုသရေး ဆေးရုံများနှင့် Quarantine Center များမှ နေ့စဉ်ထွက်ရှိသော စွန့်ပစ်အမှိုက်များအား Biohazard သီးသန့်ယာဉ်ဖြင့် လိုက်လံသိမ်းဆည်းကာ တောင်အင်းမြောက်အင်းရှိ အမှိုက်မီးရှို့စက်တွင် စနစ်တကျ မီးရှို့ဖျက်ဆီးပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် COVID-19 အတည်ပြုလူနာများထားသော ဆေးရုံကြီးများအပါအ၀င် Quarantine Center ပေါင်း (၁၈)ခုမှ နေ့စဉ်အမှိုက်တန်ချိန် စုစုပေါင်း (၃)တန်ခွဲလောက်အထိ ထွက်ရှိနေပြီး သန့်ရှင်းရေး ၀န်ထမ်းများကိုလည်း PPE ၀တ်စုံများ အပြည့်အစုံ၀တ်ဆင်စေကာ လုပ်ကိုင်ဆောင်ရွက်ခိုင်းလျက် ရှိကြောင်း သိရသည်။

MRTV


08 Oct 2020     1,762 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS