BEC-TERO TV

အင်းယား COVID စင်တာ (၉၅) ရာခိုင်နှုန်းပြီးစီး

08 Oct 2020     1,696 Views


ကိုဗစ်အတည်ပြုလူနာများထားရှိမယ့် အင်းယားစင်တာဟာ ယနေ့အချိန် ထိ (၉၅) ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်တယ်လို့ ဦးစီးကော်မတီ နဲ့ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးတင့်ဆန်းက ပြောပါတယ်။ "ကျွန်တော်တို့ (၉၅) ရာခိုင်နှုန်းပြီးစီးနေပြီလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ရဲ့မူလက Project Plan အရကိုက အောက်တိုဘာ (၈) ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနကိုအပ်မယ်။

အပ်ပြီးတော့မှ ကျန်းမာရေးဝန်ကြီးဌာနကနေပြီး တာဝန်ထမ်းဆောင်မယ့် ဆရာဝန်၊ ဆရာမတွေ၊ Volunteer တွေနဲ့ ဒီစင်တာကြီးမှာ ကျွန်တော်တို့ rehearsal တွေ လုပ်ဖို့ရှိပါတယ်။ PPE ဝတ်စုံတွေ ဘယ်လိုဝတ်မယ်၊ ဘယ်အပေါက်တွေကဘယ်လိုထွက်မယ်၊ နောက် ဆရာဝန်၊ ဆရာမတွေက ဘယ်နားကနေ Monitor လုပ်မယ် အဲဒါတွေ လုပ်ဖို့ရှိတယ်။ ကျွန်တော်တို့ကတော့ မနက်ဖြန် အပ် နိုင်ဖို့ အခြေအနေက ရာခိုင်နှုန်းပြည့်ဖြစ်သွားပြီ" လို့ ဦးတင့်ဆန်းကပြောပါတယ်။

အဲ့ဒီ စင်တာကို (၁၀) ရက်အတွင်း အပြီးသတ်တည်ဆောက်မှာ ဖြစ်ပြီး အောက်တိုဘာလ (၈) ရက်နေ့မှာတော့ ကျန်မာရေးဝန်ကြီးဌာနကို လွှဲပြောင်းဖို့လျာထားတာလည်းဖြစ်ပါတယ်။ လူနာစတင်ထားရှိမယ့်အချိန် ကိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကဆက်လက်‌ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဦးတင့်ဆန်းကပြောပါ တယ်။ အင်းယားလိတ်စင်တာကို ကမ္ဘောဇဘဏ်မှ ကျပ်သိန်း (၇၀၀၀) နဲ့ ရွှေသံလွင်ကုမ္ပဏီက ကျပ်သိန်း (၃၀၀၀) စုစုပေါင်း သိန်းတစ်သောင်း ကနဦးမတည်လှူဒါန်းထားတာလည်းဖြစ်ပါတယ်။

သတင်း - ကျော်ထက်/One


08 Oct 2020     1,696 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS