BEC-TERO TV

ဧရာဝတီတိုင်းဒေသကြီးမှ ကျွမ်းကျင်သူနာပြု (၂၀)ဦး ပါဝင်သည့်အဖွဲ့ COVID-19 ကုသရေးဌာန ဧရာဝတီစင်တာ၌ အားဖြည့်ကူညီရန် ရန်ကုန်မြို့သို့ ထွက်ခွာ

08 Oct 2020     2,097 Views


COVID-19 အတည်ပြုလူနာအရေအတွက် ဆက်လက်မြင့်မားနေသည့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် အားဖြည့်ကူညီရန် ဧရာဝတီတိုင်းဒေသကြီးမှ ကျွမ်းကျင်သူနာပြု ( ၂၀) ဦး ပါဝင်သည့်အဖွဲ့သည် အောက်တိုဘာလ (၇) ရက်တွင် ရန်ကုန်မြို့သို့ ထွက်ခွာလာကြသည်။

အဆိုပါ ကျွမ်းကျင်သူနာပြုအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏအားကစားကွင်း COVID-19 ကုသရေးဌာန ဧရာဝတီစင်တာရှိ အရေးပေါ် ကုသဆောင် (ICU) တွင် အောက်တိုဘာလ ၈ ရက်မှ စတင်ပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အားဖြည့်ကူညီကြမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသို့ ထွက်ခွာကြမည့် ကျွမ်းကျင်သူနာပြုများကို သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံများက ဂုဏ်ယူဝမ်းမြောက်စွာ နှုတ်ဆက်ကြပြီး၊ ဘေးဘယာ ကင်းဝေးစေရန် ဆုမွန်ကောင်းများ တောင်းပေးကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

MRTV


08 Oct 2020     2,097 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS