BEC-TERO TV

ကိုဗစ်နှင့် ရင်ဆိုင်နေရသည့် ယူကေ အတိမ်းအစောင်းမခံ - ပိတ်ဆို့ တင်းကျပ်မှု တိုးမြှင်ရန်ရှိ

12 Oct 2020     1,598 Views


ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ရင်ဆိုင်တိုက်ခိုက်နေရာမှာ အတိမ်းအစောင်းမခံတဲ့ ဆုံမှတ်ကို ရောက်နေပြီလို့ ဗြိတိသျှ အစိုးရရဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တဦးက ပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ် အဖြစ်များနေတဲ့ အင်္ဂလန်အရှေ့ပိုင်းကို လော့ဒေါင်းချဖို့ ဝန်ကြီးချုပ် ဘောရစ္စဂျွန်ဆင်က တနင်္လာနေ့မှာ ကြေညာဖို့ ပြင်ဆင်နေပါပြီ။

အင်္ဂလန် လက်‌ထောက်ဆေးဘက်ဆိုင်ရာအရာရှိချုပ် ပါမောက္ခ Jonathan Van-Tam က “လွန်ခဲ့တဲ့ မတ်လတုန်းကလိုပဲ တိုင်းပြည်ဟာ အတိမ်းအစောင်းမခံတဲ့ အချိန်ပဲ” လို့ ကြေညာချက်မှာ ပြောသွားတာပါ။ ကိုဗစ်-၁၉ ကြောင့် ယူကေမှာ လူပေါင်း ၄၂,၇၆၀ အသက်ဆုံးခဲ့ပါပြီ။ ပိုကောင်းတဲ့ စမ်းသပ်မှုတွေနဲ့ ဗိုင်းရပ်စ်အကြောင်း ပိုသိလာတဲ့နောက် အဖြစ်ဆိုး တပတ်လည်မလာဖို့ မျှော်လင့်တယ်လို့ Van-Tam က ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်နှုန်း အမြန်ဆုံးဖြစ်လာလို့ တိုးမြှင့်တင်းကျပ်မှုတွေကို ဝန်ကြီးချုပ် ဂျွန်ဆင်က တနင်္လာနေ့မှာ ကြေညာဖို့ရှိပါတယ်။ အင်္ဂလန်‌မြောက်ပိုင်း လီဗာပူးလို မြို့တွေမှာ ဘားတွေ၊ စားသောက်ဆိုင်တွေကို ပိတ်တော့မယ်လို့ ခန့်မှန်းရပါတယ်။ လူဦးရေ ၆၈ သန်းနီးပါးရှိတဲ့ ယူကေမှာ ကိုဗစ်-၁၉ ကူးစက်သူ ခြောက်သိန်းနီးပါး (၅၉၀,၈၄၄) ရှိနေပါပြီ။

Source : AP One


12 Oct 2020     1,598 Views




RELATED

Most Popular of International News

Most Popular of NEWS