BEC-TERO TV

အမေရိကန် F-35 တိုက်လေယာဉ်တွေ ကာတာကို မရောင်းဖို့ အစ္စရေးလ် လိုလား

12 Oct 2020     1,637 Views


အမေရိကန်က ကာတာကို ဘယ် F-35 ဂျက်တိုက်လေယာဉ် ရောင်းချမှုမျိုးကိုမဆို အစ္စရေးလ်က ကန့်ကွက်မှာဖြစ်ကြောင်းနဲ့ ဒေသတွင်းမှာ အစ္စရေးလ်ဟာ စစ်ရေးအရ ဆက်သာနေဖို့ လိုအပ်ကြောင်း အစ္စရေးလ် ထောက်လှမ်းရေးဝန်ကြီး Eli Cohen က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ကာတာက အမေရိကန်ဆီကနေ F-35 Stealth တိုက်လေယာဉ်တွေ ဝယ်ယူဖို့ တရားဝင်ပန်ကြားခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်နဲ့ ပတ်သက်ပြီး အစ္စရေးလ်စစ်တပ်ရေဒီယို IAR ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ဝန်ကြီး Cohen က အခုလို မှတ်ချက်ပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးလ်အတွက် နိုင်ငံ့လုံခြုံရေးနဲ့ ဒေသတွင်း စစ်ရေးအရ အားသာမှုရှိဖို့ သိပ်ကိုအရေးကြီးတဲ့အတွက် ဒီလိုရောင်းချမှုမျိုးကို အစ္စရေးလ်က ကန့်ကွက်မှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ကာတာရဲ့ ပန်ကြားချက်ဟာ သြဂုတ်လက ရရှိခဲ့တဲ့ အစ္စရေးလ်နဲ့ UAE အာရပ်စော်ဘွားများ သမ္မတနိုင်ငံတို့ကြား ပုံမှန် သံတမန်ဆက်ဆံရေး ထူထောင်ဖို့ အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ Abraham Accord သဘောတူညီချက် ရခဲ့တဲ့နောက်မှာ ထွက်လာတာဖြစ်ပြီး ဒီသဘောတူညီချက်မှာ ဘေးထွက် သဘောတူညီမှုတခုအဖြစ် UAE ကို အမေရိကန်က F-35 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူခွင့်ပြုဖို့ စဉ်းစားမှာဖြစ်ကြောင်း ပါရှိပါတယ်။

Credit: #Popolay #Popolaytv #News #International_News #F_35


12 Oct 2020     1,637 Views




RELATED

Most Popular of International News

Most Popular of NEWS