BEC-TERO TV

ယခုနှစ်ရဲ့ MTV ဆုပေးပွဲ ဆန်ခါတင်စာရင်းကို ဦးဆောင်ထားတဲ့ လေဒီဂါဂါ

13 Oct 2020     1,545 Views


ယခုနှစ်ရဲ့ MTV ဆုပေးပွဲ ဆန်ခါတင်စာရင်းကို လတ်တလောမှာ ထုတ်ပြန်ကြေညာခဲ့ရာမှာ ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါက ဆန်ခါတင်စာရင်း မှာ ဆုအရေအတွက် အများဆုံးပါဝင်ပြီး ဆုအများဆုံး လျာထားခံရသူဖြစ်လာခဲ့ကြောင်း အမ်တီဗွီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေ အရ သိရပါတယ်။

တေးဂီတထူးချွန်ဆုပေးပွဲတစ်ခုဖြစ်တဲ့ MTV EMA ရဲ့ ယခုနှစ်မှာ ပြုလုပ်မယ့် ဆုပေးပွဲ အတွက် ဆုလျာထားစာရင်းမှာ လေဒီဂါဂါဟာ ဆုခုနစ်ဆု လျာထားခံရပြီး ဒါဟာ ကမ္ဘာ တစ်ဝန်းက တေးသံရှင်တွေအနက် ဆုအရေ အတွက် အများဆုံး လျာထားခံရတာဖြစ်ပါ တယ်။

လေဒီဂါဂါရဲ့ နောက်မှာ ဆုအရေအတွက် ဒုတိယအများဆုံးနဲ့ ဆန်ခါတင်စာရင်းဝင်ခဲ့သူ တွေကတော့ ကေပေါ့ပ်အမျိုးသားတေးဂီတ အဖွဲ့ BTS နဲ့ ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်ဘီဘာတို့ဖြစ်ကြကြောင်းလည်း သိရပါတယ်။ အဆိုပါ ဆုပေးပွဲအခမ်းအနားကို လာမယ့် နိုဝင်ဘာ ၈ ရက်မှာ နိုင်ငံပေါင်း ၁၈၀ မှာ MTV ကနေတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် သွားမှာဖြစ်ပြီး ယခုနှစ် ဆုပေးပွဲကို နှစ်နာရီ ကြာ ကျင်းပမှာဖြစ်တယ်လို့လည်း သိရ ပါတယ်။

အေးပြည့်/The Mirror


13 Oct 2020     1,545 Views




RELATED

Most Popular of International News

Most Popular of NEWS