ဂျပန်အပန်းဖြေကစားကွင်းက ချားရဟတ်ပေါ်မှနေ၍ အလုပ်လုပ်ခွင့်ပေးမည်
15 Oct 2020 1,564 Views

ဂျပန်ကုမ္ပဏီတစ်ခုက အပန်းဖြေက စားကွင်းထဲရှိ ချားရဟတ်ကြီးပေါ်တွင် လာရောက်နေထိုင်၍ အလုပ်လုပ်ကိုင်ခွင့် ပေးသွားမည်ဟု ဆိုထားကြောင်း သိရ သည်။ တိုကျိုမြို့အပြင်ဘက်ရှိ Yomi-uriland တွင် အောက်တိုဘာလ ၁၅ ရက် မှစတင်ကာ Amusement Workation အစီအစဉ်တွင်ပါဝင်နိုင်ပြီး တစ်ဦးလျှင် ၁၈ ဒေါ်လာနှင့် နှစ်ဦးဆိုပါက ၃၄ ဒေါ် လာသာကျသင့်မည်ဖြစ်သည်။
ချားရဟတ် တွဲများပေါ်တွင် လုပ်ငန်းခွင်တစ်ခုအသွင် ပြင်ဆင်ပေးထားပြီး ထိုင်ခုံကို မိမိစိတ် ကြိုက်ရွေးချယ်နိုင်သလို အင်တာနက် လည်း စီစဉ်ပေးထားသည်။ Bandit အမည်ရှိချားရဟတ်ကြီးပေါ်တွင် အလုပ် လုပ်မည်ဆိုပါက နှာခေါင်းစည်း ဝတ်စ ရာမလိုသည့်အပြင် လူစုလူဝေးကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။
သို့သော် က စားကွင်း၏တာဝန်ရှိသူများက နှာခေါင်း စည်းဝတ်ဆင်ကြရန် အကြံပြုထားသည်။ အဆိုပါ အပန်းဖြေကစားကွင်းကြီးသည် တည်ဆောက်ပြီးစီးနေပြီဖြစ်သော်လည်း ကပ်ရောဂါကြောင့် ဖွင့်ပွဲရက်ကို ရွှေ့ဆိုင်း ထားခဲ့ရသည်။ လည်နေသည့်ချားရဟတ် ကြီးပေါ်တွင် အလုပ်လုပ်ရင်း ရှုမျှော်ခင်း ကို ခံစားနိုင်မည်ဖြစ်သလို အလုပ်၏ဖိ အားဒဏ်ကြောင့် မောပန်းနွမ်းနယ်မှုများ လည်း ပြေလျော့နိုင်မည်ဖြစ်သည်ဟု သိရ သည်။
Ref : AP Pyi Myanmar