BEC-TERO TV

ဘယ်လ်ဂျီယမ်တက္ကသိုလ်၏ ကိုဗစ်စမ်းသပ်ကိရိယာတီထွင်မှု

15 Oct 2020     1,746 Views


ကိုဗစ်ဒုတိယလှိုင်းမှာ အဓိကကျလာတာက ကမ္ဘာ့နိုင်ငံအတော်များများမှာ ဘယ်သူတွေ ကူးစက်ခံနေရသလဲဆိုတဲ့ အချက်ကို ရှာဖွေဖို့ ဖြစ်လာပါတယ်။ ကူးစက်ခံရသူကို စောစောသိ စောစောကုရင် ကူးစက်မှုအပြင် အဖိတ်အစင် လည်း နည်းလာမှာပါ။ ဒီတော့ အရင်က စမ်းသပ်စစ်ဆေးတဲ့ စက်ကြီးတွေထက် ပိုငယ်ပိုသေးပိုလွယ်တဲ့ စစ်ဆေးမှု တွေကို ရှာဖွေလုပ်ဆောင်လာကြပါတယ်။

နောက်ပြီး မြန်မြန်စစ် မြန်မြန်သိတဲ့နည်းအပြင် တစ်ကြိမ်တည်းနဲ့ များများစစ်နိုင်တာမျိုးတွေကို ရှာဖွေလာကြပါတယ်။ မရပ်တန့်နေတဲ့ ကူးစက်မှုပိုများလာတဲ့ ကိုဗစ်နဲ့အမီ ရွေ့လျားနိုင်ဖို့ကို ကြံဆောင်လာကြပါတယ်။ ခုကတော့ ဘယ်လ်ဂျီယမ်နိုင်ငံ University of Liege က ဖန်တီးလိုက်တဲ့ ကိုဗစ်စစ်ဆေးပေးနိုင်မဲ့ ကိရိယာပါ။ ကိုဗစ်ရှိမရှိ စမ်းသပ်ဖို့ တံတွေးနမူနာယူနိုင်မဲ့ ကိရိယာ ဖြစ်ပါတယ်။ တက္ကသိုလ်ဆေးရုံမှာ ဒီနည်းနဲ့ နမူနာယူတာ အောင်မြင်မှုတွေရခဲ့ပါတယ်။

နောက်ပြီး စစ်ဆေးပေး သူမပါဘဲ စမ်းသပ်ခံမည့်သူကိုယ်တိုင် နမူနာယူနိုင်မဲ့နည်းကလည်း ကောင်းပါတယ်။ ပြီးရင်တော့ နမူနာတွေကို စက်ကြီးတစ်ခုတည်းထည့်ပြီး တစ်ချိန်တည်းမှာ အများအပြား တစ်ခါတည်းစစ်ဆေးနိုင်တာ ဖြစ်ပါတယ်။

Source – AFP MRTV


15 Oct 2020     1,746 Views




RELATED

Most Popular of International News

Most Popular of NEWS