BEC-TERO TV

ဂျပန်နိုင်ငံတွင်တည်ဆောက်နေသော ရွှေတိဂုံစေတီတော်ပုံတူအတွက် ပါဝင်လှူဒါန်းနိုင်ရန် သံရုံးဖိတ်ခေါ်

19 Oct 2020     1,875 Views


ဂျပန်နိုင်ငံတွင်တည်ဆောက်နေသော ရွှေတိဂုံစေတီတော်ပုံတူအတွက် ပါဝင်လှူဒါန်းနိုင်ရန်အတွက်တိုကျိုမြို့ရှိ မြန်မာသံရုံးက အသိပေးပြောကြားထားသည်။ အဆိုပါ ရွှေတိဂုံစေတီတော်ပုံတူကို ဂျပန်နိုင်ငံ အိဘာရခိခရိုင်၊ ဟိုခိုတမြို့တွင် ဂျပန်-မြန်မာ သာသနာပြု ဆရာတော်အရှင် ဉာဏုတ္တရ ၏ထေရဝါဒ ဓမ္မစာရီ မြန်မာကျောင်းတိုက်အတွင်း သာသနာ့မြေပေါ်တွင် စတင်တည်ဆောက် လျက် ရှိပြီး ယင်းတွင် ရွှေတိဂုံစေတီပုံတူနှင့်အတူ သာသနာ့ကျက်သရေဆောင် သိမ်တော်ကြီးလည်း ပါဝင်ကြောင်း သိရသည်။ ယင်းကြောင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များမှသဒ္ဓါတတ်အားသ၍ ကုသိုယ်ယူ ပါဝင်လှူဒါန်း နိုင်ပါရန် မေတ္တာရပ်ခံ နှိုးဆော်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်မြန်မာ


19 Oct 2020     1,875 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS