BEC-TERO TV

မင်းကင်းမြိုနယ်တွင် ကိုဗစ်-၁၉ လူနာ မရှိပြီ ဖြစ်

19 Oct 2020     2,059 Views


စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၆) ဦးကို ဆေးရုံဆင်းခွင့်ပေးတာကြောင့် မြို့နယ်အတွင်း ဆေးရုံတက်ရောက်ကုသနေတဲ အတည်ပြုလူနာ မရှိတော့ဘူးလို့ မင်းကင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဗိုလ်က ပြောပါတယ်။

အဲဒီ အတည်ပြုလူနာ (၁၆) ဦးကတော့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်က ပြန်လာ ကြတဲ့ အမျိုးသမီးတွေ ဖြစ်ပြီး မင်းကင်းမြို့ အလက( ၂) ကျောင်းမှာ အသွားအလာကန့်သတ်နေထိုင် နေကြသူဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို နေထိုင်နေစဉ် အောက်တိုဘာ (၉)ရက်မှာ ဓါတ်ခွဲနမူနာတွေရယူပြီး မန္တလေးမြို့က ဓာတ်ခွဲဌာနကို ပေးပို့စစ်ဆေးခဲ့ရာ အောက်တိုဘာလ(၁ဝ)ရက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ သိရှိခဲ့ရတာ ဖြစ်ပါတယ်။

"သူတို့က ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့သတ်မှတ်ချက်တွေနဲ့အညီ ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံကနေ ဆင်းခွင့်ပြုတာပါ"လို့ ဦးဆန်းဗိုလ်က ပြောပါတယ်။ ဆေးရုံဆင်းခွင့်ရသူတွေကတော့ ပုထိုးလုံးကျေးရွာ(၄) ဦး၊ ကျွဲကျကျေးရွာက(၁) ဦး၊ ပေါက်အိုင်ကျေးရွာက (၉) ဦး၊ တောင်ကုန်းကျေးရွာက(၁)ဦးနဲ့ ကျွန်းတော်ကျေးရွာက (၁)ဦး ဖြစ်ပါတယ်။ ဆေးရုံဆင်းခွင့် ရရှိပေမယ့် နေအိမ်(၇)ရက် အသွားအလာကန့်သတ်နေထိုင်ကြရမှာ ဖြစ်ပါတယ်။

မင်းကင်းမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၁ရ)ဦးရှိခဲ့ပြီး လက်ရှိ အတည်ပြုလူနာ အာလုံး ဆေးရုံ ဆင်းခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

သတင်း- သူရိယထက်/One News

ဓာတ်ပုံ -Swann Pyae Awng


19 Oct 2020     2,059 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS