BEC-TERO TV

မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာတွင် ပျောက်ဆုံးသွားသော ကြေးခေါင်းလောင်းကြီးအား ပြန်လည်တွေ့ရှိ

20 Oct 2020     1,542 Views


အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ (အရှေ့ဘက်)၊ သန္တိသုခလမ်းနေ ဦး----- သည် ၎င်း အကျိုးတော်ဆောင်အဖြစ် လုပ်ဆောင်သည့် သမိုင်းဝင် အောင်စည်းခုံစေတီတော်မြတ်ကြီး၏ မြောက်ဘက်မုခ်ရင်ပြင်ပေါ်ရှိ ကြေးခေါင်းလောင်းကြီးမှာ ပျောက်ဆုံးနေကြောင်း စစ်ဆေးသိရှိရသဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းရလျှင်ရချင်း အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်အား စုံစမ်းဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ အမှတ်(၃)လမ်းမကြီး၊ အိုးအိမ်မှတ်တိုင်နှင့် ညောင်ပင်ကားမှတ်တိုင်ကြားရှိ လမ်းဘေးအမှိုက်ပုံ၌ ပျောက်ဆုံးသွားသည့် ကြေးခေါင်းလောင်းအား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်းနှင့် ကျူးလွန်သူအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

MDN


20 Oct 2020     1,542 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS