ပလက်ဝမြို့နယ်၌ တိုက်ပွဲရှောင် ပြည်သူများအတွက် တည်ဆောက်သည့် အဆောက်အအုံများ ပြီးစီး
21 Oct 2020 1,963 Views

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် တည်ဆောက်ပေးလျက်ရှိသည့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေ ကျပ် သန်း(၁၂၀)ဖြင့် ပလက်ဝမြို့တွင် လုံးချင်း အိမ် အလုံး(၆၀၀)ကို လည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ ကျပ် (၁၁၈.၁၃၉) သန်း ဖြင့် ဆမီးမြို့တွင် ယာယီတဲ (၈)လုံး၊ လုံးချင်းတဲ အလုံး(၄၀)၊ (၂)ခန်းတွဲ သန့်စင်ခန်း အလုံး (၁၀၀)၊ ယာယီရေကန် (၁)ခု၊ မီးဇာကျေးရွာတွင် ယာယီစားဖိုဆောင်နှင့် ခန်းမ (၂)ခု၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးအတွက် အခန်း (၁)ခန်း၊ (၂)ခန်းတွဲ အိမ်ရာ (၂၅)လုံး နှင့် စိမ်းစင်းဝ ကျေးရွာတွင် လုံးချင်းတဲ အလုံး(၇၀) တို့ကို လည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ ကျပ် (၃၅)သန်းဖြင့် ပလက်ဝမြို့၊ ဆမီးမြို့နှင့် စိမ်းစင်းဝ ကျေးရွာတို့တွင် COVID-19 သံသယလူနာနှင့် စောင့်ကြည့် လူနာများ ထားရှိရန် Long House (၇)လုံးကို လည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ (၃၆)သန်းဖြင့် ပလက်ဝမြို့တွင် Long House (၂)လုံး၊ ဆမီးမြို့တွင် Long House (၁)လုံးနှင့် မီးဇာကျေးရွာတွင် Long House (၂)လုံး တို့ကို လည်းကောင်း တည်ဆောက် ပြီးစီးပြီ ဖြစ်သည်။
MRTV







