BEC-TERO TV

ဝက်ဝံပေါက်လေးကို ခွေးလို့ထင်ပြီးကစားမိ၍ ဝက်ဝံမိခင်၏တိုက်ခိုက်ခြင်းခံခဲ့ရ

23 Oct 2020     2,097 Views


ဂျပန်နိုင်ငံ၊ နီငါတာစီရင်စု၊ ရှီဘာတာမြို့က ခရီးသွားဥယျာဉ်တစ်ခုရှိ အေဒိုခေတ်က တည်ဆောက်ထားသော အီဂျီရှီးမားအမည်ရှိ သစ်ပင်များအုံ့ဆိုင်းဝန်းရံလျက်ရှိသော ရှေးဟောင်းအိမ်တစ်လုံးကို လာရောက်လည်ပတ်သော ခရီးသည်တစ်ဦး ဝက်ဝံတိုက်ခိုက်တာ ခံရသောဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

၎င်းအိမ်၏အပေါက်ဝမှာ တစ်ကောင်တည်းသာရှိနေသော ဝက်ဝံပေါက်လေးအား မြင်မြင်ချင်း ခွေးကလေးတစ်ကောင်လို့မြင်ကာ အရမ်းလည်းချစ်ဖို့ကောင်းနေတော့ အနီးကပ်သွားပြီး သူ့နဲ့ဆော့ကစားရန် ကြိုးစားနေခဲ့့ပါတယ်။ သို့သော် တစ်ချိန်တည်းမှာပင် သူ့ကလေးကိုချဉ်းကပ်နေတာတွေ့သွားတဲ့ ဝက်ဝံမိခင်က ၎င်းရဲ့နောက်ကျောဘက်ကနေ ထွက်လာပြီး ဝင်တိုက်ခိုက်ခဲ့တာပါ။

၎င်းမှာ ခပ်သွက်သွက်ရှောင်ဖယ်လိုက်၍ အနရ္တာယ်ကြီးကြီးမားမားမရဘဲ ဘယ်ဘက်လက်အင်္ကျီဆုတ်ပြဲသွားတာနဲ့ ကုတ်ခြစ်ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပါတယ်။ ၎င်းဖြစ်ပွားရာနေရာမှာ အခြားခရီးသည်တွေရော ဝန်ထမ်းများအပါ လူ ၁၅ ယောက်ရှိပြီး အားလုံးဘေးကင်းကြပါတယ်။ ဝက်ဝံလေးက အမြင့် ၇၀ စင်တီမီတာသာရှိသောကြောင့် အမှတ်တမဲ့ကြည့်လိုက်ရင် သူ့ကိုခွေးလေးတစ်ကောင်သာသာမြင်မိတာ မဆန်းပါဘူးလို့ ရဲများကဆိုပါတယ်။

၎င်းအဖြစ်အပျက်ဖြစ်ပွားသွားပြီးနောက် အနီးနားရှိဒေသခံများနှင့် ခရီးသွားများ လုံခြုံရေးအတွက် ၎င်းရှေးဟောင်းအိမ်အား လည်ပတ်ရန် ဒီလကုန်အထိ ယာယီပိတ်ပင်ထားကြောင်း မြို့နယ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ချုပ်မှ သတင်းကြောညာထားခဲ့ ပါတယ်။

#popolay #popolaytv #popolaynews


23 Oct 2020     2,097 Views




RELATED

Most Popular of International News

Most Popular of NEWS