အင်းစိန်မြို့နယ် အတွင်း ကိုဗစ်-၁၉ ပိုးတွေ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများအား သက်ဆိုင်ရာ Quarantine Center များသို့ ပို့ဆောင်
26 Oct 2020 1,667 Views

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်ကာ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ Contact Person များအား Quarantine ဝင်ရောက်ရန် ၎င်းတို့၏ နေအိမ်များမှ သွားရောက်ခေါ်ယူကာ သက်ဆိုင်ရာ Quarantine Center များသို့ ယမန်နေ့၊ ညနေပိုင်းက အသီးသီး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်း Quarantine Center (၆)ခု အနက် အင်းစိန်(GTI) Quarantine Center (၁)၊ (၂)၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများ၏ Contact Person (၃၆) ဦးကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီအသင်းခွဲ၊ ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေး အသင်းများမှ နေအိမ်များမှ သွားရောက်ခေါ်ယူကာ သက်ဆိုင်ရာ Quarantine Center များသို့ အသီးသီး ပို့ဆောင် ပေးခဲ့ခြင်းဖြစ်သည်။ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)







