BEC-TERO TV

ဘာလင်မြို့လမ်းတွေမှာ ကိုဗစ်စည်းကမ်းထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်များစွာချထား

26 Oct 2020     1,775 Views


ဂျာမနီနိုင်ငံရဲ့ ဘာလင်မြို့က လမ်းတွေမှာ ပြည်သူတွေရဲ့ ကိုဗစ်ကာလ စည်းကမ်းလိုက်နာမှုများကို စောင့်ကြည့်ထိန်းသိမ်းသွားရန်အတွက် ရဲတပ်ဖွဲ့ဝင်ပေါင်း (၅၀၀)ကို ချထားလိုက်ပြီဖြစ်ပါတယ်။ စျေးများနဲ့ အများပြည်သူသွားလာရာ စည်ကားရာနေရာများမှာ ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရမဲ့အပေါ် လိုက်နာမှုရှိမရှိ စောင့်ကြည့်သွားကြမှာပဲ ဖြစ်ပါတယ်။

ကပ်ရောဂါစဖြစ်ချိန်ကနေ ဒီကနေ့အထိ ဂျာမနီမှာ ကိုဗစ်နဲ့သေဆုံးသူပေါင်း တစ်သောင်းကျော်သွားပြီ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ကူးစက်ခံရသူပေါင်း (၄၁၈,၀၀၅)ဦး ရှိသွားပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄နာရီအတွင်း ကူးစက်သူပေါင်း (၁၄,၇၁၄)ဦးထိ ထိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ဝန်ကြီးချုပ် အန်ဂလာမာကဲလ်က ပြည်သူများအနေနဲ့ social contact များလျှော့ချပေးကြဖို့ ဖြစ်နိုင်ရင် မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ နေအိမ်မှာသာ နေကြဖို့ကို တိုက်တွန်းထားကြောင်း သိရပါတယ်။

Source – AFP MRTV


26 Oct 2020     1,775 Views




RELATED

Most Popular of International News

Most Popular of NEWS