ဘရာဇီးလက်ရွေးစင်ဟောင်း ရော်နယ်ဒင်ဟို ကိုဗစ်ကူးစက်ခံရ
26 Oct 2020 1,990 Views

အသက်၄၀ရှိပြီဖြစ်တဲ့ ဘရာဇီးဘောလုံးကစားသမား ရော်နယ်ဒင်ဟိုဟာ ကိုဗစ်ကူးစက်ခံထားရကြောင်း ရောဂါလက္ခဏာပြသတာမျိုးတော့ မရှိသေးကြောင်း မနေ့ကပြောကြားခဲ့ပါတယ်။ ပတ်စ်ပို့အတုနဲ့ ပါရာဂွေးမှာ ထိန်းသိမ်းခံရပြီးနောက် ဘရာဇီးကိုပြန်ရောက်ပြီး ၂လအကြာမှာ ခုလိုကူးစက်ခံရတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Belo Horizonte hotelမှာ သီးခြားခွဲခြားနေထိုင်လျှက် ရှိပါတယ်။ ရောဂါကူးစက်ခံရကြောင်းကိုတော့ ၎င်းရဲ့အင်စတာဂရမ်ကနေ ဗွီဒီယိုမက်ဆေ့ချ်နဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးမှာ ကိုဗစ်ကြောင့်သေဆုံးမှုတွေက အမေရိကန်ပြီးရင် အများဆုံးဖြစ်ပြီး ၁၅၆၀၀၀ကျော် သေဆုံးခဲ့ရပြီး ဖြစ်ကြောင်းသိရပါတယ်။
Source – AFP MRTV






