BEC-TERO TV

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဆိုင်းဘုတ်ကို နေရာ ငါးနေရာတွင်စိုက်ထူမည်

27 Oct 2020     1,583 Views


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံဒေသရှေးဟောင်းယာဉ်ကျေးမူနယ်မြေတွင် ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ဆိုင်းဘုတ်ကို နေရာ ငါးနေရာတွင်စိုက်ထူသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေ သနနှင့် အမျိုသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က သိရသည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်က ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဒေသ အဖြစ် သတ်မှတ်ခံထားရပြီးဖြစ်သည့်အတွက် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည့်နှင့် လျော်ညီစွာ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဒေသဆိုင်းဘုတ်ကို နေရာငါးခုဖြစ်သော ရွှေစည်းခုံဘုရား အနီး၊ငါးမျက်နှာဘုရား အနီး(ခေမင်္ဂဘုရားစုရှေ့)၊သရပါဂိတ်ရှေ့၊ဓမ္မရံကြီးဘုရားအနီး နှင့် မင်းနန်သူရွာ၊ ဆုတောင်းပြည့်အုတ် ကျောင်း အနီးတွင် စိုက်ထူသွားမည်ဖြစ်ကြောင်းသိရသည်။

ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသဆိုင်းဘုတ် စိုက်ထူနိုင်ရေးအတွက် မြေနေရာ ရှာဖွေခြင်းကို ညောင်ဦးခရိုင်စီမံခန့်ခွဲမှုကော်မတီက ဖွဲ့စည်းပေးသောအဖွဲ့ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင် ရှစ်ဦးတို့ဖြင့် လည်းကောင်း ကွင်းဆင်း စိစစ်၍ မြေနေရာခုနှစ်နေရာကို ရွေးချယ်လျာထားခဲ့ပြီးနောက် ငါးနေရာတွင် စိုက်ထူရန် အတည်ပြုဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုသို့ စိုက်ထူရာတွင် အောက်ခြေခံ အုတ်အား ပေအုတ်ဖြင့်ပြုလုပ်၍ သဲကျောက်ဖြင့် စိုက်ထူရန် လျာထားကြောင်းသိရသည်။

Source - Bagan Arch


27 Oct 2020     1,583 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS